Connect with us

Hi, what are you looking for?

News

“ဒီဇင်ဘာည”ကို ခွင့်မပြုဘဲ စစ်​ကောင်စီ၏ ဝါဒဖြန့်ရုပ်သံတွင် သီဆိုသည့်အ​ပေါ် သီချင်းပိုင်ရှင် လင်းနစ် ​ဝေဖန်

ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကို အဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိ​ပေးထားခြင်းဖြစ်သည်။

“ဒီဇင်ဘာည” သီချင်းကို စစ်​ကောင်စီ၏ ဝါဒဖြန့်ရုပ်သံ MRTV တွင် သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သီဆိုထုတ်လွှင့်ခဲ့အ​ပေါ် ခွင့်မပြု​ကြောင်း အဆိုပါသီချင်းပိုင်ရှင် အဆိုတော်လင်းနစ်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကို အဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိ​ပေးထားခြင်းဖြစ်သည်။

“တက္ကသိုလ်လဲ့လဲ့ဆိုတဲ့ အန်တီက ဘယ်လိုပါးစပ်နဲ့ လာခွင့်တောင်းရဲလဲမသိဘူး ဒီခွေးမသားတွေလုပ်လို့ ဒုက္ခရောက်နေတဲ့သူဆီကို ဒီခွေးမျိုးတွေရဲ့မီဒီယာမှာတင်ဆက်ဖို့ ခွင့်လာတောင်းတယ်ဆိုတာ တော်ရုံသောက်ရှက်မရှိတာတော့မဟုတ်ဘူး ။ဆိုမယ့် ချင်းတိုင်းရင်းသူဆိုတာလည်း အံဩတာပဲ ကိုယ်ပြည်နယ်တစ်ခုလုံး လေယာဥ်နဲ့ဗုံးကြဲလိုက် မီးရှို့လိုက်လုပ်နေတာတောင် အဲ့ကောင်တွေဆီသွားဆိုနိုင်သေးတယ် “ဟု လင်းနစ်က ရေးသားထားသည်။

ဒီဇင်ဘာည သီချင်းကို ဖေဖော်ဝါရီ ၁၈ရက်က MRTV ၏ ဖျော်ဖြေမှုအစီအစဥ်တစ်ခုတွင် ရေဂျီးနားဆိုသည့် အမျိုးသမီးက သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ သီဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

MRTVအနေဖြင့် ၎င်းတို့ကိုထောက်ခံသည့် အဆိုရှင်များကို ခေါ်ယူ၍ အပတ်စဥ် သီဆို​ဖျော်​ဖြေပွဲများပြုလုပ်လျက်ရှိပြီး ၎င်းတို့ သီဆိုမှုများမှာ အဆင်မပြေသောကြောင့် လှောင်ပြောင်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Trending

Facebook