Connect with us

Hi, what are you looking for?

LuduNwayOo

News

PDFများကို NUGထိန်းနိုင်မည်မဟုတ်ဘဲ နောင်တချိန် ဓားပြများဖြစ်လာနိုင်ဟု RCSS ဥက္ကဋ္ဌ စွပ်စွဲပြောဆို

ရှမ်းသတင်းဌာန၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး RCSS ဥက္ကဋ္ဌ ယွက်စစ်က ၎င်းတို့အနေဖြင့် PDF ကို အားမပေးဟု ဖြေကြားသည်။

● စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီး ပြောခိုင်းသည့်အတိုင်း ပြောဆိုခြင်းလား ဟု ဗိုလ်ချုပ်ကြီးယွက်စစ်အား ဝေဖန်

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ၏များသည် နောင်တချိန်တွင် ပြဿနာအိုးကြီး ဖြစ်လာပြီး ဓားပြများဖြစ်လာနိုင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က စွပ်စွဲ ပြောဆိုခဲ့သည်။

ရှမ်းသတင်းဌာန (Shan News)က RCSS ဥက္ကဋ္ဌနှင့် ၂၀၂၁ ​အောက်တိုဘာ ၁၆ရက်၌ ထုတ်လွှင့်ခဲ့​သောအင်တာဗျူးတွင် စစ်ကောင်စီက RCSS အနေဖြင့် PDFများကို ကူညီနေသည်ဟု စွပ်စွဲနေသည့်အပေါ်မည်သို့ တုံ့ပြန်လိုပါသလဲဟု မေးမြန်းရာ RCSS ဥက္ကဋ္ဌ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ RCSS ဥက္ကဋ္ဌ ၏ ရှမ်းဘာသာဖြင့် ဖြေကြားချက်ကို ဘာသာပြန်ထားသည့် ရုပ်သံဖိုင်ကို Wa State News အမည်ရှိ ဂရုတွင် Ai Kyaw အမည်ဖြင့် Facebook သုံးစွဲသူက ယ​နေ့ မျှ​ဝေ (Share)လာပြီးနောက် လူမှုကွန်ရက်တွင် ပြန့်နှံ့လာ ခဲ့ခြင်းဖြစ်သည်။

ရှမ်းသတင်းဌာန၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး RCSS ဥက္ကဋ္ဌ ယွက်စစ်က ၎င်းတို့အနေဖြင့် PDF ကို အားမပေးဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

“ ဘာဖြစ်လို့ အားမပေးတာလည်း ဆိုတော့ က PDF တွေက အခုတော့ ပြဿနာ မဟုတ် သေးဘူး။ နောင်အခါ ကျရင်တော့ ပြဿနာအိုးကြီး ဖြစ်လာလိမ့်မယ်။ NUG က ထိန်းလို့ရမယ် ထင်သလား၊ သူတို့ ထိန်းနိုင်မှာ မဟုတ်ဘူး။ လက်နက်တွေ လက်ဝယ် ရသွားပြီး ဘာမှ မလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်လိမ့်မယ် မထိန်းနိုင်ကြရင်ပေါ့” ဟု RCSS ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

PDFများက လက်နက်များ ရှာဝယ်နေသကဲ့သို့ လက်နက်များ မည်သူ ရောင်းပေးသည် လက်နက်စက်ရုံ မည်သူ့ထံရှိသည်ကို စစ်ကောင်စီ အသိဆုံးဖြစ်ကြောင်း၊ PDF များ မည်သည့်နေရာ၌ သင်တန်းတက်သည်ကို လည်း စစ်ကောင်စီ သိကြောင်း RCSS ခေါင်းဆောင်က ပြောသည်။

အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားတစ်ဦးက RCSS ဥက္ကဋ္ဌ ယင်းသို့ ပြောဆိုချက်သည် လတ်တလော ပြောဆိုမှုမဟုတ်ဘဲ လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဖြစ်သည်ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အဓိက ရည်ရွယ်ချက်ဦးတည်ချက်မှာ ပြည်သူ့အာဏာ ပြည်သူပြန်ရရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်နိုင် ရန် ကြိုးစားနေခြင်းဖြစ်​ကြောင်းအကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေသူ တစ်ဦးက ပြောသည်။

“သူ့ရဲ့(RCSS ဥက္ကဋ္ဌ )ပြောကြားချက်ဆိုတာ ကျွန်တော်တို့နဲ့ အမြင်ကွဲလွဲ နေတယ်။ ဒါဟာ သပ်သပ် တစ်ဖက် (စစ်ကောင်စီ)ကနေပြီး အပေးအယူ လုပ်ပြီး ပြောခိုင်းသလား။တကယ့်ကို သူ့ရင်ထဲ ကလာတဲ့ စကားလားဆိုတာတော့ မပြောတက်ဘူးပေါ့” ဟု ၎င်းက ဆက်​ပြောသည်။

ပြည်သူများအနေဖြင့် အကြမ်းမဖက်သည့်နည်းဖြင့် ပြည်သူ့အာဏာ ပြန်ရရေး ငြိမ်းချမ်းစွာ ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်သည့်နည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့၍ ခုခံကာကွယ်ရန် PDFများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု၎င်းက ဆက်လက် ပြောကြားသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၏ သစ္စာဓိဌာန် ၄ ချက်တွင် ငါတို့သည်ပြည်​ထောင်စုနှင့်ပြည်​ထောင်စုသားများအ​ပေါ်သစ္စာ​စောင့်သိပါမည်၊ ဖက်ဒရယ် ဒီမိုက​ရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရ​​သောသူရဲ​ကောင်းများကိုသစ္စာ​စောင့်သိပါမည် ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်​စောင့်​ရှောက်ပါမည်၊ ဖက်ဒရယ်ပြည်​ထောင်စုတည်​ဆောက်​ရေးအတွက် ငါတို့၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်ဟု ဖြစ်သည်။

“အခုသွားနေတဲ့ လူငယ် လူရွယ်တွေဟာ သူတို့ ဘ၀ရဲ့တက်လမ်းကို ရှေ့ကနေ တားဆီး ပိတ်ပင်လိုက်တယ် သူတို့အတွက် ဆုံးရှုံးမှု အများကြီးတွေ့လိုက်လို့မို့လို့သာ ဒီ လုပ်ငန်းစဉ်တွေကို မလွှဲသာ မရှောင်သာလို့ လုပ်ကြတာ။ သူတို့ရဲ့ အနေအထားတွေ ကြည့်မယ်ဆိုရင် လူတန်းစား ပေါင်းစုံပါပါတယ်။ ဆေးကျောင်းသားတွေပါတယ် အင်ဂျင်နီယာတွေပါတယ်၊ အနုပညာရှင်တွေပါတယ်၊ ကျောင်းဆရာတွေပါတယ် အချို့ဆို စီးပွားရေး သမားလေးတွေပါတယ်။ ဒါတွေကို စွန့်လွှတ်ပြီး ကိုယ့်တိုင်းပြည် ပြန်လည် တည်ဆောက်နိုင်ဖို့ ထူထောင်နိုင်ဖို့ ကိုယ်လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီရဖို့ဆိုပြီး PDF မှာ ဝင်ကြခြင်းဖြစ်ပါတယ်”ဟု ၎င်းက ဆက်​ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်အများစု အနေဖြင့်ပြည်သူ့အာဏာရပြီး တော်လှန်ရေးပြီးပါက မိမိ၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ၊ ကျောင်းများသို့ ပြန်သွားကြရန် ရည်ရွယ်ထားကြကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ပြည်သူများကြားမှ အလွှာစုံပါဝင်သည့် PDFများသည် ပြည်သူများ၏ ဝိုင်းဝန်းကူညီ လှူဒါန်းမှုများဖြင့်ပင် အကြမ်းဖက်စစ်​ကောင်စီတပ်များကို ခုခံ​​တော်လှန်​သော အ​ခြေအ​နေသို့​ရောက်လာခဲ့ပြီး ၊ ပြည်သူများအ​ပေါ်​စောက်​ရှောက်ကာ စည်းကမ်း​ကောင်းသဖြင့်နိုင်ငံတစ်ဝန်း PDFများနှင့်ပတ်သပ်၍ ​​ယခုအချိန်အထိ့ကောင်းသတင်းသာများပြီး ပြည်သူများက ချစ်ခင်​လေးစားအားကိုးကြသည်ကို​တွေ့ရသည်။ စစ်​ကောင်စီတပ်ကို တိုက်ခိုက်​အောင်နိုင်ခဲ့​သော​ဒေသများတွင် ​ဒေသခံပြည်သူများက ​စစ်​ကောင်စီ ဒုက္ခ​ပေးသည့်ကြားမှ ​သောင်း​သောင်းဖျဖျ ကြိုဆိုအား​ပေးကြသည်ကိုလည်း ​တွေ့ရသည်။

RCSS သည် စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင် ကန့်ကွက်ခဲ့သည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ကာ စစ်ကောင်စီဖိတ်သည့် အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပအိုဝ်းလက်နက်ကိုင် PNLO နှင့်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။