Connect with us

Hi, what are you looking for?

News

ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို မနက်ဖြန်မှာအမိန့်ချဖို့ရှိနေ

ကိုမြအေးကို ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ၊ စာရေးဆရာမောင်သာချို နဲ့ ဦးထင်လင်းဦးတို့ကိုတော့ ထောင် ၃ နှစ်ထိချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တည်းက ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ၊ စာရေးဆရာ မောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို မနက်ဖြန်မှာ အမိန့်ချမယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေသိရပါတယ်။

ကိုမြအေးကို ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ၊ စာရေးဆရာမောင်သာချို နဲ့ ဦးထင်လင်းဦးတို့ကိုတော့ ထောင် ၃ နှစ်ထိချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

စာရေးဆရာမောင်သာချို

ကိုမြအေးကို တရားစွဲရာမှာ လွန်ခဲ့တဲ့ ၈ နှစ်က တရုတ်နိုင်ငံသား တစ်ဦးထံကို ပေးပို့တဲ့ အီးမေးလ်ကိုအကြောင်းပြုကာ တရားစွဲထားတာဖြစ်ပါတယ်။

စာရေးဆရာမောင်သာချိုကိုလည်း လွန်ခဲ့တဲ့ ၈ နှစ်က ဂျာနယ်တစ်စောင်မှာ ရေးသားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စာရေးဆရာဦးထင်လင်းဦး

စာရေးဆရာ ဦးထင်လင်းဦးကိုတော့ အာဏာသိမ်းတဲ့မနက်ပိုင်းက Live လွှင့်တာကို အကြောင်းပြကာ တရားစွဲတာပါ။

ကိုမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်ရောက်ပြီး ကုသမှု ခံယူခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ မောင်သာချိုဟာ လွတ်​​မြောက်ပြီး ၂ နှစ်ကျော်အကြာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ပြောပါတယ်။