Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို မနက်ဖြန်မှာအမိန့်ချဖို့ရှိနေ

ကိုမြအေးကို ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ၊ စာရေးဆရာမောင်သာချို နဲ့ ဦးထင်လင်းဦးတို့ကိုတော့ ထောင် ၃ နှစ်ထိချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တည်းက ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ၊ စာရေးဆရာ မောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို မနက်ဖြန်မှာ အမိန့်ချမယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေသိရပါတယ်။

ကိုမြအေးကို ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ၊ စာရေးဆရာမောင်သာချို နဲ့ ဦးထင်လင်းဦးတို့ကိုတော့ ထောင် ၃ နှစ်ထိချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

စာရေးဆရာမောင်သာချို

ကိုမြအေးကို တရားစွဲရာမှာ လွန်ခဲ့တဲ့ ၈ နှစ်က တရုတ်နိုင်ငံသား တစ်ဦးထံကို ပေးပို့တဲ့ အီးမေးလ်ကိုအကြောင်းပြုကာ တရားစွဲထားတာဖြစ်ပါတယ်။

စာရေးဆရာမောင်သာချိုကိုလည်း လွန်ခဲ့တဲ့ ၈ နှစ်က ဂျာနယ်တစ်စောင်မှာ ရေးသားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စာရေးဆရာဦးထင်လင်းဦး

စာရေးဆရာ ဦးထင်လင်းဦးကိုတော့ အာဏာသိမ်းတဲ့မနက်ပိုင်းက Live လွှင့်တာကို အကြောင်းပြကာ တရားစွဲတာပါ။

ကိုမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်ရောက်ပြီး ကုသမှု ခံယူခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုကောင်းဆက်ပိုင် အပေါ် သေဒဏ်အမိန့်ထပ်တိုးချတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် တဖက်သတ်စီရင်ချက်တွေသာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

သတင်း

အမှုမှာ မန္တလေး စည်ပင်ဌာနရဲ့ ဝန်ထမ်းအများစု လာရောက်ထွက်ဆိုသလို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ရှေ့နေဒေါ်ရွက်နုအောင်တို့ လည်းဒေါက်တာရဲလွင်ဘက်က သက်သေထွက်ဆို ပါတယ်။

နိုင်ငံတကာ

ခုံရုံးရဲ့ ကြေညာချက်ကို ကြေညာပြီးတဲ့နောက် မီဒီယာတွေဆီပါ ဖြန့်ဝေ ပေးပို့လိုက်ပါတယ်။ ရာထူးသက်တမ်းစေ့လို့ ပယာရွတ်သ်ကို ဝန်ကြီးချုပ် အဖြစ်က အနားပေးစေလိုကြောင်း အဆိုပြုချက်ကို ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။