Connect with us

Hi, what are you looking for?

သတင်း

စာရေးဆရာမောင်သာချို ကွယ်လွန်

စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ မောင်သာချိုဟာ လွတ်​​မြောက်ပြီး ၂ နှစ်ကျော်အကြာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ပြောပါတယ်။

ဇူလိုင်-၁၀၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ မောင်သာချိုဟာ လွတ်​​မြောက်ပြီး ၂ နှစ်ကျော်အကြာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၀ ရက် မနက် ၈ နာရီက ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ။” လို့ ဆရာနဲ့ရင်းနှီးတဲ့ ကာတွန်းဆရာ အော်ပီကျယ်က လူမှုကွန်ရက် Facebook ကနေ အသိပေးထားပါတယ်။ ဆရာမောင်သာချိုဟာ ​ထောင်အတွင်းမှာ ကင်ဆာ​ရောဂါစတင်ခံစားခဲ့ရ​ပေမယ့် ​​ထောင်အတွင်း​ဆေးကုသမှု လုံ​လောက်စွာမရခဲ့ပဲ ​ထောင်ကလွတ်လာပြီးမှ ကာလရှည် ​ဆေးကုသ​နေရတာလို့ ဆရာနဲ့ ရင်းနှီးသူအချို့က​ပြောပါတယ် ။​

Public Service Announcement

Public Service Announcement

“ ဆရာက ကင်ဆာဆေးတွေသွင်းခဲ့ရတယ်ကြားတယ်။ ထွက်လာပြီးကတည်းက မတွေ့ရသေးတာ။” လို့ စာရေးဆရာမတဦးက ပြောပါတယ်။

ဆရာမောင်သာချိုဟာ စစ်တပ်အာဏာသိမ်းတဲ့​​နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကပဲ ဖမ်းဆီးခံလိုက်ရတဲ့သူပါ။ အဲဒီနောက် ဆရာမောင်သာချိုကို စစ်တပ်က လွန်ခဲ့တဲ့ ၈နှစ်ခန့်က 7 Day News ဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို အ​ကြောင်းပြပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တရားစွဲခဲ့ပါတယ်။

ဆရာ့ကို ၂ နှစ်နီးပါး ဖမ်း​ဆီးထားခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကျမှ ပြန်လွှတ်ခဲ့ပါတယ်။ ပြန်လည် လွတ်မြောက်လာပြီး ၂ နှစ်ကျော်အကြာမှာ ကွယ်လွန်ခဲ့တာပါ။

ဆရာမောင်သာချိုဟာ “ သမီးဖတ်ဖို့” အပါအဝင် လူမှုရေးကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး ရေးသားထောက်ပြခဲ့တဲ့ အက်ဆေးတွေဟာ ထင်ရှားပါတယ်။ မောင်သာချိုကလောင်အပြင် သရော်စာရေးသားတဲ့ ဂျက်ကွမ်းခြံကုန်းကလောင်ခွဲဟာလည်း ထင်ရှားပါတယ်။

ဆရာမောင်သာချိုဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာမောင်သာချိုဟာ ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ‘ခေတ်သစ် မေတ္တာ’ ကဗျာနဲ့ စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် စသည်တို့မှာ အမှုထမ်း ခဲ့ဖူးပြီး ၂၀၁၀မှာ ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ ပြောင်းရွေ့ပြီး မြန်မာစာဌာနမှာ ကထိက အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

ဆရာ​မောင်သာချိုကွယ်လွန်သွားတဲ့ ဇူလိုင် ၁၀ ရက်မနက်အ​စောပိုင်းမှာပဲ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်းတဦးဖြစ်တဲ့ရွှေညဝါဆရာတော်(ခ) ဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူသွားတယ်။

ဆရာ​မောင်သာချို နဲ့ ​ရွှေညဝါဆရာ​တော်တို့ဟာစစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာပဲ ဖမ်းဆီးခံရပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်မှာ ထောင်ကတစ်ရက်တည်း ပြန်လွတ်လာကြတာဖြစ်ပါတယ်။ ထောင်ကလွတ်လာ​ပေမယ့် ထောင်ကပါလာတဲ့ရောဂါ​တွေကို လ​ပေါင်းများစွ ကုသမှုခံယူနေရင်း တစ်ရက်တည်းအတူ ကွယ်လွန်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

News

သူတို့ ၂ ဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာပါ။

News

ကိုမြအေးကို ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ) ၊ စာရေးဆရာမောင်သာချို နဲ့ ဦးထင်လင်းဦးတို့ကိုတော့ ထောင် ၃ နှစ်ထိချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

Facebook