Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲမသမာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရမှုမှာ တရားလို ကို စစ်ဆေးပြီးစီး

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတဦးဝင်းမြင့် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စစ်ကောင်စီက တရားစွဲတာပါ။

ဓာတ်ပုံ − ရိုက်တာ

ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုမှာ တရားလို ကို ဒီနေ့ စစ်ဆေးမှုတွေပြီးစီးပြီလို့သိရပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတဦးဝင်းမြင့် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားလိုကတော့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ဖြစ်ပါတယ်။

တရားလိုကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က စစ်ဆေးရာမှာလည်း အဖြေဟာ အားရကျေနပ်စရာဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီအမှုကို ဖေဖော်ဝါရီလ ၂၈ ရက်ကို တရားရုံးကချိန်းဆိုထားပါတယ်။

ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်နဲ့ ဝန်ကြီး ဦးမင်းသူတို့ကို ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆာဘီးယားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို အရေးနိမ့်သွားကြောင်း ဆာဘီးယား အစိုးရရဲ့ ခေါင်းဆောင် အလက်ဇန္ဒား ဗူချစ်က ဝန်ခံခဲ့ပါတယ်။