Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို လက်နက်များပံ့ပိုး​နေသော နိုင်ငံများကို ဖိအားပေးရန် အီးယူနှင့် နိုင်ငံတကာကို NUG တိုက်တွန်း

မြန်မာစစ်တပ်သည် ပြည်သူလူထုအပေါ် စကားဖြင့်ဖော်မပြနိုင်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေပြီး အဆိုပါ ရာဇဝတ်မှုများကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဒီမိုကရေစီပြန်လည်ဖြစ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးဖြစ်ကြောင်း NUG ၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်နှင့် အထူးသံတမန်ခန့်အပ်ခြင်းတို့ကို ကြိုဆို

မြန်မာစစ်ကောင်စီကို လက်နက်များဆက်လက်ပံ့ပိုးပေးပို့နေသည့် နိုင်ငံများကို ကျယ်ပြန့်စွာဖိအားပေးရန် ဥရောပသမဂ္ဂ(အီးယူ)နှင့် နိုင်ငံတကာအသိုင်းအဝန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူအထူးသံတမန်ခန့်အပ်ခြင်းနှင့် စစ်ကောင်စီကို (၄)ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်ခြင်းအပေါ် NUGက သဘောထားကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး စစ်ကောင်စီ ၏ ဝင်ငွေရလမ်းများကို ဒဏ်ခတ်ပိတ်ဆို့သည့် အီးယူနည်းတူ လုပ်ဆောင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကို NUG က တိုက်တွန်းသည်။

အီးယူသည် အာဆီယံဆိုင်ရာ အီးယူသံအမတ်ကြီး Igor Driesmans ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်ခန့်အပ်ခြင်းအပေါ် NUGက ထောက်ခံကြိုဆိုကြောင်းနှင့် မြန်မာပြည်သူများ၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန်၊ အာဏာရှင်မှန်သမျှ အဆုံးသတ်ရန် တို့အတွက် အဆိုပါ အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၂၁ရက်တွင် အီးယူက စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သော လူပုဂ္ဂိုလ် ၂၂ ဦးနှင့် စီးပွားရေးလုပ်ငန်း ၄ ခုကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ခြင်းအား ချီးကျူးကြောင်း နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေး၊ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံကြိုးပမ်းအားထုတ်ကာ ဆက်လက်ရပ်တည်ပံ့ပိုးမှု များကို လွန်စွာကျေးဇူးတင်ကြောင်း NUGက ဆိုသည်။

မြန်မာစစ်တပ်သည် ပြည်သူလူထုအပေါ် စကားဖြင့်ဖော်မပြနိုင်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေပြီး အဆိုပါ ရာဇဝတ်မှုများကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဒီမိုကရေစီပြန်လည်ဖြစ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးဖြစ်ကြောင်း NUG ၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။