Connect with us

Hi, what are you looking for?

News

စစ်ခေါင်း​ဆောင်နှင့် အရာရှိများကိုယ်ကျိုးအတွက်သုံးသော တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည် NUG ထုတ်ပြန်

အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ အရာရှိများ အကျိုးစီးပွားအတွက် အသုံးပြုသည့်တပ်ပိုင်မြေများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြန်လည်သိမ်းယူရမည်ဟု ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်းမြေဆိုင်ရာ အခြေခံမူများကို ထုတ်ပြန်လိုက်ရာ ယင်းသို့ဖော်ပြခြင်းဖြစ်ပြီး ပြန်လည်သိမ်းယူသော တပ်ပိုင်မြေများကို လေလံတင်ရောင်းချခြင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးမှုစီမံကိန်းများကို အကောင် အထည်ဖော်ခြင်း တို့ကိုလုပ်ဆောင်ရမည်ဖြစ်သည်။

တပ်ပိုင်မြေများကို စိစစ်ရာတွင် တပ်ပိုင်မြေများ၏ စစ်ရေးလိုအပ်ချက်နှင့် ရည်မှန်းချက်များဆိုင်ရာ ကိုက်ညီမှု၊ အများပြည်သူလူထု၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် သုံးစွဲခြင်းမှ ကာကွယ်ပေးနိုင်မှု စသည့်အချက်များကို မူတည်စိစစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook