Connect with us

Hi, what are you looking for?

News

Myanmar Beer ရောင်းသည့် ရန်ကုန်မြို့ မြို့ နယ်ကိုးခုမှ ဆိုင် ၁၅ ဆိုင်တွင် သတိပေးဖောက်ခွဲခဲ့ဟု YUG ထုတ်ပြန်

သတိပေးဖောက်ခွဲခဲ့သော မြို့နယ်များတွင် သာကေတ၊ အင်းစိန်၊ အလုံနှင့် ကြည့်မြင်တိုင်တို့တွင် တစ်ဆိုင်စီ၊ တာမွေ၊ သဃ်န်းကျွန်း၊ ဗဟန်းနှင့် တောင်ဥက္ကလာတို့မှ နှစ်ဆိုင်စီနှင့် မဂ်လာဒုံမြို့နယ်မှ သုံးဆိုင် စသည်တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ်ထုတ်ကုန်တစ်ခုဖြစ်သော Myanmar Beer ရောင်းချနေသည့် ရန်ကုန်မြို့ မြို့နယ်ကိုးခုမှ ဆိုင်ပေါင်း ၁၅ ဆိုင်ကို​ဖေ​ဖော်ဝါရီ ၂၄ရက်တွင် သတိပေးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက် ကျားများအဖွဲ့(YUG)ယနေ့(ဖေဖော်ဝါရီ ၂၄) ထုတ်ပြန်သည်။

သတိပေးဖောက်ခွဲခဲ့သော မြို့နယ်များတွင် သာကေတ၊ အင်းစိန်၊ အလုံနှင့် ကြည့်မြင်တိုင်တို့တွင် တစ်ဆိုင်စီ၊ တာမွေ၊ သဃ်န်းကျွန်း၊ ဗဟန်းနှင့် တောင်ဥက္ကလာတို့မှ နှစ်ဆိုင်စီနှင့် မဂ်လာဒုံမြို့နယ်မှ သုံးဆိုင် စသည်တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဆိုင်များတွင် ဖောက်ခွဲမှုများပြုလုပ်ခဲ့ရာ ပစ္စည်းထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လူထိခိုက်ခြင်းမရှိခဲ့ကြောင်း၊ စျေးဝယ်စားသောက်သူများ စည်ကားလျက်ရှိနေသော ဆိုင်
လေးဆိုင်မှာ ပြည်သူများထိခိုက်မှုမရှိစေရန် ဆိုင်အနီးအနားတွင်သာ ဖောက်ခွဲမှုများ ပြုလုပ်ဖြစ်ခဲ့ကြောင်း YUG က အသိပေးသည်။

လုပ်ငန်းရှင်များအနေနှင့် မိမိတို့၏ စတိုးဆိုင်များ၊ စားသောက်ဆိုင်များတွင် Myanmar Beer နှင့် အခြားသော စစ်တပ်ထုတ်ကုန်များကို ရောင်းချခြင်း လုံး၀ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ဖက်ဆစ်ထောက်တိုင်အဖြစ် သတ်မှတ်ကြောင်း သတိပေးထား သည်။

Public Service Announcement

Public Service Announcement

မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် ပြည်သူ လူထုအပေါ် သစ္စာစောင့်သိပြီး ဖက်ဆစ်ထောက်တိုင်များကို ချွင်းချက်မရှိ ရှင်းလင်းသွားမည်ဖြစ်ကြောင်း YUG က ကတိပေးသည်။

ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်း ခြောက်နေသည့် အကြမ်းဖက်စစ်တပ်ဝင်ငွေများကို ဖြတ်တောက်ရန် အများပြည်သူမှ နည်းမျိုးစုံနှင့် ကြိုးစားနေပြီး စစ်တပ်နှင့် တိုက်ရိုက်ဆက်နွယ်နေသည့် Myanmar Beer ကို သပိတ်မှောက် boycott လုပ်ကြရန် တော် လှန်ရေးအဖွဲ့များမှ လှုံ့ဆော်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။