Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်ရဲ့ အားပေးမှုနဲ့အတူ စစ်ကောင်စီကို ပါကစ္စတန်က လက်နက်တွေ ထောက်ပံ့နေ

စစ်ကောင်စီဟာ ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ် လောင်ချာတွေနဲ့ စက်သေနတ် အကြီးစားတွေကို ပါကစ္စတန်ဆီကနေ မှာယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ JF-17 အမျိုးအစား တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။

တရုတ်ရဲ့ အားပေး ထောက်ခံမှုနဲ့အတူ မြန်မာစစ်တပ်ကို ပါကစ္စတန်က လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။

မကြာခင်မှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တချို့ဟာ ပါကစ္စတန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ ခရီးစဉ်ဟာ ပါကစ္စတန်ဆီက စစ်ကောင်စီ မှာယူထားတဲ့ လက်နက်တွေကို သွားရောက် အတည်ပြု စစ်ဆေးတာ ဖြစ်ဖို့ များတယ်လို့ Economic Times သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ် လောင်ချာတွေနဲ့ စက်သေနတ် အကြီးစားတွေကို ပါကစ္စတန်ဆီကနေ မှာယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ JF-17 အမျိုးအစား တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မြန်မာဟာ JF-17တွေကို ပထမဆုံး မှာယူတဲ့ နိုင်ငံအဖြစ် ပါကစ္စတန်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ JF-17တွေကို ဘက်စုံသုံး တိုက်လေယာဉ်တွေအဖြစ် တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ကလည်း ပါကစ္စတန် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို တိတ်တဆိတ် လာရောက်ပြီး စစ်ကောင်စီ အသုံးပြုနေတဲ့ လေယာဉ်တွေ ပြင်ဆင် ထိန်းသိမ်းရေး၊ ရေတပ်အတွက် လက်နက်ခဲယမ်းတွေ ထောက်ပံ့ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် အဆင့် ထပ်မြှင့်ထားတဲ့ JF-17တွေနဲ့ ဝေဟင်ကနေ မြေပြင် ပစ်ခတ်တဲ့ ဒုံးကျည်တွေ ရောင်းချဖို့အတွက် နေပြည်တော်က စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စကား ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် စစ်လက်နက်တွေ မရောင်းချဖို့ အမေရိကန်နဲ့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့လို နိုင်ငံတွေ ပိတ်ပင်ထားပေမယ့် ပါကစ္စတန်ကတော့ တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုတွေနဲ့အတူ မြန်မာ စစ်တပ်နဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပညာရှင်တွေကတော့ မြန်မာစစ်တပ်ကို လက်နက် အကူအညီတွေ ရရှိအောင် အင်တိုက်အားတိုက် ပံ့ပိုးနေတဲ့ နိုင်ငံ ၃ ခုထဲမှာ တရုတ်လည်း ပါဝင်နေတယ်လို့ ပြောကြားထားပါတယ်။ အာဏာသိမ်းပြီးချိန် ကတည်းက တရုတ်ဟာ စစ်ကောင်စီကို တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ ထောက်ပံ့ပေးပြီး ဘက်ပေါင်းစုံ အကူအညီ ပေးနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။