Connect with us

Hi, what are you looking for?

News

တရုတ်ရဲ့ အားပေးမှုနဲ့အတူ စစ်ကောင်စီကို ပါကစ္စတန်က လက်နက်တွေ ထောက်ပံ့နေ

စစ်ကောင်စီဟာ ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ် လောင်ချာတွေနဲ့ စက်သေနတ် အကြီးစားတွေကို ပါကစ္စတန်ဆီကနေ မှာယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ JF-17 အမျိုးအစား တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။

တရုတ်ရဲ့ အားပေး ထောက်ခံမှုနဲ့အတူ မြန်မာစစ်တပ်ကို ပါကစ္စတန်က လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။

မကြာခင်မှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တချို့ဟာ ပါကစ္စတန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ ခရီးစဉ်ဟာ ပါကစ္စတန်ဆီက စစ်ကောင်စီ မှာယူထားတဲ့ လက်နက်တွေကို သွားရောက် အတည်ပြု စစ်ဆေးတာ ဖြစ်ဖို့ များတယ်လို့ Economic Times သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ၆၀ မမနဲ့ ၈၁ မမ မော်တာတွေ၊ M-79 ဗုံးပစ် လောင်ချာတွေနဲ့ စက်သေနတ် အကြီးစားတွေကို ပါကစ္စတန်ဆီကနေ မှာယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ JF-17 အမျိုးအစား တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် မြေပြင်ပစ် ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မြန်မာဟာ JF-17တွေကို ပထမဆုံး မှာယူတဲ့ နိုင်ငံအဖြစ် ပါကစ္စတန်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ JF-17တွေကို ဘက်စုံသုံး တိုက်လေယာဉ်တွေအဖြစ် တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ကလည်း ပါကစ္စတန် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို တိတ်တဆိတ် လာရောက်ပြီး စစ်ကောင်စီ အသုံးပြုနေတဲ့ လေယာဉ်တွေ ပြင်ဆင် ထိန်းသိမ်းရေး၊ ရေတပ်အတွက် လက်နက်ခဲယမ်းတွေ ထောက်ပံ့ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် အဆင့် ထပ်မြှင့်ထားတဲ့ JF-17တွေနဲ့ ဝေဟင်ကနေ မြေပြင် ပစ်ခတ်တဲ့ ဒုံးကျည်တွေ ရောင်းချဖို့အတွက် နေပြည်တော်က စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စကား ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် စစ်လက်နက်တွေ မရောင်းချဖို့ အမေရိကန်နဲ့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့လို နိုင်ငံတွေ ပိတ်ပင်ထားပေမယ့် ပါကစ္စတန်ကတော့ တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုတွေနဲ့အတူ မြန်မာ စစ်တပ်နဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပညာရှင်တွေကတော့ မြန်မာစစ်တပ်ကို လက်နက် အကူအညီတွေ ရရှိအောင် အင်တိုက်အားတိုက် ပံ့ပိုးနေတဲ့ နိုင်ငံ ၃ ခုထဲမှာ တရုတ်လည်း ပါဝင်နေတယ်လို့ ပြောကြားထားပါတယ်။ အာဏာသိမ်းပြီးချိန် ကတည်းက တရုတ်ဟာ စစ်ကောင်စီကို တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ ထောက်ပံ့ပေးပြီး ဘက်ပေါင်းစုံ အကူအညီ ပေးနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။