Connect with us

Hi, what are you looking for?

News

TEI ကျောင်းဆရာတစ်ဦးကို SSPPဖမ်းထား၍ မိုင်းရယ်ရှိ တအာင်းကျေးရွာသုံးရွာမှ ဆရာ​ခြောက်ဦး လုံခြုံရေးအရ လားရှိုးသို့ တိမ်းရှောင်

မိုင်းရယ်မြို့နယ် ကောင်းမောင်ကျေးရွာအုပ်စု ကြူဝင်းကျေးရွာ၌ တာဝန်ကျနေသည့် ဆရာမိုင်းရဲထက်မြင့်ကို ဖေဖော်ဝါရီ ၈ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီ ၂၆ရက်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြ သည်။

ဖမ်းဆီးခံရ​သော ​ကျောင်းဆရာအား​တွေ့ရစဥ်၊ ဓာတ်ပုံ - ​ရွှေဖီ​မြေ

▪️အပြစ်မဲ့ပြည်သူကို ဖမ်းဆီးသည့်မူဝါဒမရှိ၊ ပြန်စိစစ်မည်ဟု SSPP တုံ့ပြန်

တအာင်းပညာရေးအင်စတီကျု(TEI) မှ ကျောင်းဆရာ မိုင်းရဲထက်မြင့်ကို မိုင်းရယ်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဖွဲ့ဝင်များက ဖမ်းဆီးထား၍ အဆိုပါ ဒေသရှိ တအာင်းကျေးရွာ သုံးရွာ၌ ကလေးများအား စာသင်ပေးနေသည့် တအာင်းဆရာများလုံခြုံရေးအရ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင်လာကြောင်း တိမ်းရှောင်လာသူများနှင့်နီးစပ်သည့် တအာင်းဒေသခံက ပြောသည်။

မိုင်းရယ်မြို့နယ် ကောင်းမောင်ကျေးရွာအုပ်စု ကြူဝင်းကျေးရွာ၌ တာဝန်ကျနေသည့် ဆရာမိုင်းရဲထက်မြင့်ကို ဖေဖော်ဝါရီ ၈ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီ ၂၆ရက်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြ သည်။

ယင်းနှင့်ပတ်သက်ပြီး အဆိုပါ တအာင်းရွာများ၌ စာသင်သွားသည့် ကျောင်းဆရာများနှင့်နီးစပ်သူတစ်ဦးကို မေးမြန်းရာ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာလွှတ်မြောက်ရေး နယ်မြေခံ SSPPတာဝန်ရှိသူများနှင့် ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေကြောင်း၊ ထို့ပြင် SSPP တပ်များက ကြူဝင်းရွာသို့ လာရောက်မှုများ ဆက်ရှိနေ၍ အဆိုပါ ဒေသမှဆရာများ ပြန်လာကြပြီဖြစ်ကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

“ဖမ်းသွားပြီးတဲ့နောက်ပိုင်း လာချင်တဲ့အချိန်လာတယ်။ ညသန်းခေါင်လည်း သူတို့လာတယ်။ အခုအခြေအနေတော့ သူတို့ ပြန်လာခေါ်မှာ ကြောက်လို့ ခဏလားရှိုးပြန်လာလိုက်တာ။ ကြူဝင်းမှာ ၂ယောက်။ မိုင်းရယ်တ​ကျောက အကုန်ပြန်လာတာ။ မိုင်းရယ်တကြောမှာ ၃ရွာရှိတယ်။ သုံးရွာစလုံးက ဒီဘက် လားရှိုးကိုပဲ ပြန်လာလိုက်တာ”ဟု ၎င်းက ပြောသည်။

SSPP အနေဖြင့် ဖမ်းဆီးထားသည့် ကျောင်းဆရာကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း၊ အကယ်၍ ပြန်လွှတ်ပေးပြီး ကျောင်းဖွင့်ခွင်ပြုပါက အဆိုပါဒေသသို့ဆရာများပြန်သွားရန်ရှိကြောင်း တအာင်းဒေသခံက ပြောသည်။

“သူတို့က မပေးဖွင့်ရင်လည်း ကျွန်တော်တို့က သိရင်တော့ မသွားတော့ဘူးပေါ့။ သူတို့က သူ့ကို ပြန်လွှတ်လို့ရှိရင် ဘာမှမဖြစ်ဘူးဆိုရင်တော့ ပြန်တော့သွားနေမှာပေါ့” ဟု ၎င်းက ဆိုသည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်စိစစ်ရန်ရှိသည်ဟု ပြောသည်။

“တကယ်ပဲ ဟုတ်မယ်ဆိုရင် ပြန်လွှတ်ပေးမှာပေါ့။ အရပ်သားပြည်သူတစ်ယောက်ကိုအပြစ်မဲ့ဖမ်းတဲ့ ပေါ်လစီမရှိဘူးဗျ”ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ရွှေဖီမြေသတင်းဌာန၏ သတင်းတွင် SSPP တပ်ဖွဲ့မှ ကျေးဝိန်း-မိုင်းတောက် အမှတ်(၉) တိုက်နယ်မှူးက ကျောင်းဆရာ မိုင်းရဲထက်မြင့်အား စာသင်ကျောင်း ပိတ်ခိုင်းရာမပိတ်၍ ဖမ်းဆီးထား ခြင်းဖြစ်သည်ဟု ကြူဝင်းရွာဆရာတော်အား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။လက်ရှိတွင် ကျောင်းဆရာကို ဖက်နမ်ရွာဘက်ရှိ SSPP တပ်စခန်း၌ ဖမ်းဆီးထားသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။