Connect with us

Hi, what are you looking for?

News

ဖာပွန်မြို့ခံ ၈၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေး

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေက ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိနေပြီး ဒေသခံပြည်သူအများအပြား တောတောင်ထဲကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဖာပွန်မြို့ခံ ၈၀ ကျော် မနေ့က နေအိမ်တွေကိုစွန့်ခွာပြီး တိမ်းရှောင်နေခဲ့ရပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက်မနက် ၈ နာရီအချိန်ကစပြီး ဖာပွန်မြို့ခံတွေဟာ နေအိမ်တွေကိုစွန့်ခွာပြီး ဖာပွန်မြို့တောင်ဘက်မှာရှိတဲ့ ကမမောင်းမြို့နဲ့ အခြားဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ ကား ၁၉ စီး၊ ဆိုင်ကယ် ၁၁ စီးနဲ့ လူဦးရေ စုစုပေါင်း ၈၁ ဦးပါဝင်တယ်လို့ လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေက ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိနေပြီး ဒေသခံပြည်သူအများအပြား တောတောင်ထဲကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဖာပွန်မြို့မှာလည်း စစ်ကောင်စီရဲ့ဝန်ထမ်းတွေနဲ့ ဒေသခံတွေဟာ မြို့ကနေစွန့်ခွာလာခဲ့ပြီး ဖာပွန်မြို့ထဲမှာ တိတ်ဆိတ်ခြောက်ကပ်နေလျက်ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။