Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများ စစ်ကောင်စီယာဥ်တန်းများကို အဝေးမှရှောင်ရှားကြရန် မုံရွာ PDFသတိပေး

မုံရွာမြို့နယ်အတွင်းသို့ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်နွယ်သော ဆီဘောက်ဆာကားများအပါအဝင် ရိက္ခာများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟုလည်း အသိပေးသည်။

(MPDF ၏ တပ်ခွဲ (၁) Aung San Force - A.S.F ၏ စစ်ရေးလှုပ်ရှားနေမှု ပုံရိပ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - MPDF)

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်သည့် ယာဥ်တန်းများကို အဝေးမှ ရှောင်ရှားကြရန် နှင့်ကပ်မလိုက်ရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်)တွင် သတိပေး ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ချောင်းဦး-မုံရွေး၊ ကြေးမုံ -ဗန်စီ-ကျီးအုပ်-ဗော်ဓိတစ်ထောင် လမ်းပိုင်း များမှတဆင့် မုံရွာမြို့နယ်အတွင်းသို့ စစ်ကောင်စီ နှင့်ဆက်စပ်သော ယာဥ်များအလုံး အရင်းဖြင့် ဝင်ရောက်နေခြင်းကြောင့် ဖြစ်သည်ဟု မုံရွာ PDFက ဆိုသည်။

မုံရွာမြို့နယ်အတွင်းသို့ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်နွယ်သော ဆီဘောက်ဆာကားများအပါအဝင် ရိက္ခာများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟုလည်း အသိပေးသည်။

ထို့အပြင် မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ချောင်းဦး – ပခုက္ကူလမ်းပိုင်း၊ မုံရွာ – အမြင့် – တောကျောင်းကြီး လမ်းပိုင်း၊ခင်မွန် – ကျီကုန်း – ရွှေဒါးကျလမ်းပိုင်းနှင့် ချောင်းဦး – အမြင့်လမ်း ပိုင်းများကို ဖေဖော်ဝါရီ ၂၃ ရက်ကစ၍ အသုံမပြုရန် မုံရွာ PDFက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။