Connect with us

Hi, what are you looking for?

News

ပြည်သူများ စစ်ကောင်စီယာဥ်တန်းများကို အဝေးမှရှောင်ရှားကြရန် မုံရွာ PDFသတိပေး

မုံရွာမြို့နယ်အတွင်းသို့ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်နွယ်သော ဆီဘောက်ဆာကားများအပါအဝင် ရိက္ခာများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟုလည်း အသိပေးသည်။

(MPDF ၏ တပ်ခွဲ (၁) Aung San Force - A.S.F ၏ စစ်ရေးလှုပ်ရှားနေမှု ပုံရိပ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - MPDF)

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်သည့် ယာဥ်တန်းများကို အဝေးမှ ရှောင်ရှားကြရန် နှင့်ကပ်မလိုက်ရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)က ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်)တွင် သတိပေး ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ချောင်းဦး-မုံရွေး၊ ကြေးမုံ -ဗန်စီ-ကျီးအုပ်-ဗော်ဓိတစ်ထောင် လမ်းပိုင်း များမှတဆင့် မုံရွာမြို့နယ်အတွင်းသို့ စစ်ကောင်စီ နှင့်ဆက်စပ်သော ယာဥ်များအလုံး အရင်းဖြင့် ဝင်ရောက်နေခြင်းကြောင့် ဖြစ်သည်ဟု မုံရွာ PDFက ဆိုသည်။

မုံရွာမြို့နယ်အတွင်းသို့ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်နွယ်သော ဆီဘောက်ဆာကားများအပါအဝင် ရိက္ခာများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟုလည်း အသိပေးသည်။

ထို့အပြင် မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ချောင်းဦး – ပခုက္ကူလမ်းပိုင်း၊ မုံရွာ – အမြင့် – တောကျောင်းကြီး လမ်းပိုင်း၊ခင်မွန် – ကျီကုန်း – ရွှေဒါးကျလမ်းပိုင်းနှင့် ချောင်းဦး – အမြင့်လမ်း ပိုင်းများကို ဖေဖော်ဝါရီ ၂၃ ရက်ကစ၍ အသုံမပြုရန် မုံရွာ PDFက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။