Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း၊တွင်းငယ်မှာစစ်တပ်ကစစ်မှုထမ်းသင်တန်းဖွင့်ဖို့ပြင်ပြီး​ ပေါ်တာပိုဆွဲ​နေ

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

(စစ်တပ်က လူငယ်​တွေကို အဓမ္မစု​ဆောင်းပြီး စစ်သင်တန်း​​ကျောင်း​ရောက်လာသူ​​တွေကိုကြိုဆို​ပွဲလုပ်နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

စက်တင်ဘာ၂၂-၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာရှိတဲ့ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)မှာ စစ်မှုထမ်းအပတ်

စဉ် ၂၈ ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်​နေပြီး စစ်တပ်ကကျေးရွာတွေ မှာပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်နေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရသူအများစုဟာ ရွှေလုပ်ကွက်တွေ အများအပြားရှိတဲ့ချောင်းကြီး၊နွယ်ရုံ၊ကျည်ထောက်ပေါက် ရွာတွေကဖြစ်ပါတယ်။ ပြစ်မှုနဲ့ ဖမ်းဆီးခံရသူ တွေကိုပါ စစ်မှု ထမ်းသင်တန်းကိုပို့ထားတယ်လို့သိရပါတယ်။

“ဒီရွာတွေကစစ်တပ်ကပြန်ထိုင်လိုက်ပြီးပုံမှန်သွားလာနေတော့စစ်ကြောင်းလာရင်ပြေးတာ ရှောင်တာတွေမလုပ်ကြတော့ဘူး။အဲဒီရွာ တွေထဲလူငယ်တချို့အဖမ်းခံလိုက်ရတာလို့ သိထားရပါတယ်”လို့ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင်မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်တို့မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်လာပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ ​နေရာ​တွေမှာ ညမထွက်ရ အမိန့်ပါထုတ်ပြန်တာ တွေလည်းရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စဉ့်ကူးမြို့နယ်မှာလည်း စက်တင်ဘာလ၁၃ ရက်နေ့က ဒေသခံတွေပေါ်တာဆွဲခံရပြီး ကားလမ်းနဲ့ နီးတဲ့ရွာတွေကို စစ်မှုထမ်းမဲနှိုက်ဖို့ မိုက်နဲ့ အော်တာ တွေရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ မန္တ​လေးမြို့က​ဂေါ်ဝိန်ဆိပ်ကမ်းက​နေ ဧရာဝတီမြစ်အတိုင်း ကချင်ပြည်နယ်ဗန်း​မော်မြို့ကို စစ်တပ်ကစစ်​ရေယာဥ်အုပ်စု​တွေနဲ့ စစ်ကူ ၊လက်နက်ခဲယမ်းရိက္ခာ​တွေပို့​ဆောင်ခဲ့စဥ် KIA နဲ့မဟာမိတ်​တွေက ​ရွှေကူနဲ့ ဗန်း​မော်ကြားမှာ စစ်​ရေယာဥ် အစီး ၂၀ ခန့်ကိုတိုက်ခိုက် နစ်မြှပ် ဖျက်ဆီးခဲ့ပါတယ် ။​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်လို့

စစ်တပ်​ရေယာဥ် ၂ စီး အလံဖြူ​ထောင်လက်နက်ချခဲ့ပြီး စစ်သုံ့ပန်း နဲ့စစ်သားမိသားစုဝင် စုစု​ပေါင်း၁၅၀ ကျော်ရှိတာမှာစစ်မှုထမ်း(ပစ)စစ်သားသစ်​တွေလည်းပါဝင်ပြီး မတ္တရာမြို့နယ်က​အဓမ္မစု​ဆောင်းခံရတဲ့စစ်သားသစ်​တွေလည်းပါဝင်တယ်လို့ သတင်းရရှိပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ် ။ဒါ​ပေမယ့်၂၀၂၅ခုနှစ် အောက်တိုဘာလမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က မြို့နယ်တခုလုံးကိုစိုးမိုးနိူင်ခြင်းတော့မရှိဘဲပါဘူး ။​ဒေသအချို့မှာတော်လှန်ရေးတပ်​တွေနဲ့ စစ်တပ် တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကစစ်သားသစ်လိုအပ်ချက်​တွေ များ​နေတာ​ကြောင့်အရင်ကပိတ်ထားတဲ့စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်​​နေပြီး အခုအခါ သင်တန်းကျောင်း (၂၇) ခုထိ ဖွင့်လှစ်​နေတယ်လို့မြန်မာ့စစ်ဘက်​ရေးရာနှင့် လုံခြုံ​ရေးဆိုင်ရာ ​လေ့လာ​ရေးအဖွဲ့(MDSI)ကထုတ်ပြန်ပါတယ်။

ထပ်တိုးဖွင့်တဲ့စစ်မှုထမ်းစင်တန်း​ကျောင်း​တွေဟာ ကလေးမြို့အခြေစိုက်တတက(၁၀)နဲ့ သပိတ်ကျင်းမြို့နယ်က တတက(၁၃) ဖြစ်တယ်လို့​ဖော်ပြပါတယ် ။

နိုင်ငံအနှံ့စစ်မှုထမ်းသင်တန်းကျောင်း၂၇ကျောင်း ဖွင့်လှစ်ထားပြီး၊၂၄ ​ကျောင်းမှာပုံမှန်စစ်သင်တန်း​တွေလေ့ကျင့်ပေးနေတာတွေ့ရတယ်လို့လည်းဆိုပါတယ်။

စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း​တွေမှာထွက်ပြေးဖို့ကြိုးစားတဲ့ သင်တန်းသား​တွေကိုပစ်ခတ်ဖမ်းဆီးတာ၊ ပြန်ဖမ်းမိသူ​တွေကို အပြင်းအထန် နှိပ်စက်ရိုက်နှက်တာ​တွေကြောင့် အသက်သေဆုံးသူ၊ကိုယ်လက်အင်္ဂါထိခိုက်သွားသူ၊ လစာဖြတ်တောက်ခေါင်းပုံဖြတ်ခံရသူစတဲ့ လူ့အခွင့်အရေးချိုးဖောက် မှု​တွေကျူးလွန်ခံ​နေရတယ်လို့ MDSI က​အသိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

Facebook