Connect with us

Hi, what are you looking for?

သတင်း

KIO ဝန်ထမ်း ၉၀ကျော်တက်ရောက်တဲ့ လ၀က သင်တန်းဆင်းပွဲ ကျင်းပ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

KIO အစိုးရ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ ဗဟိုလူဝင်မှုကြီးကြပ်ရေးရုံးက ကြီးမှူးတဲ့ အမှတ်စဥ် (၁၆) လ၀က သင်တန်းကျောင်းဆင်းပွဲကို သင်တန်းသား ၉၆ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို သက်ဆိုင်ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။

KIO အနေနဲ့ အုပ်ချုပ်ရေး နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့အပေါ် ဌာနအသီးသီးက သင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လူ့အရင်းအမြစ်လိုအပ်ချက်က ပိုများလာတဲ့သဘောပါ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ ပြည်သူကိုမိဘနေရာမှာထားတတ်တဲ့ဝန်ထမ်းတွေဆိုတာ အမြဲနှလုံးတွေးဖို့လိုတယ်။ နိုင်ငံဝန်ထမ်းကောင်း ပြည်သူ့အကျိုးပြုတဲ့ လဝက ဝန်ထမ်းတွေဖြစ်လာဖို့မျော်လင့်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ လူမျိုးရေးအစွန်းမရောက်ကြဖို့ အရေးကြီးသလို နိုင်ငံရေးသဘောထားကြီးပြီး ဘုံရန်သူဖြစ်တဲ့ မတရားအာဏာသိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ကို တက်ညီလက်ညီ ပူးပေါင်းတွန်းလှန်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် စစ်ဆေးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား