Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် နေအိမ်များကို ရေစကြို PDFရဲ​​ဘော်များက လုပ်အားပေးရှင်းလင်း

မည်သည့်ဒေသက နေအိမ်များမီးရှို့ခံရသည့် နေအိမ်မည်မျှပျက်စီးခဲ့သည်ကို ဖော်ပြမထားသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များလုပ်အားပေးနေသည့်ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ​ရေစကြို PDF

ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီတပ် မတရားမီးရှို့ခဲ့၍ ပျက်စီးသွားသည့်နေအိမ် များကို ရှင်းလင်းရာတွင် လုပ်အားပေးခဲ့ကြောင်း ရေစကြိုPDFက ယနေ့ ထုတ်ပြန်သည်။

ဓာတ်ပုံ – ​ရေစကြို PDF

မည်သည့်ဒေသက နေအိမ်များမီးရှို့ခံရသည့် နေအိမ်မည်မျှပျက်စီးခဲ့သည်ကို ဖော်ပြမထားသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များလုပ်အားပေးနေသည့်ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်က ရေစကြိုမြို့နယ်တွင် ပြည်သူ့တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ခဲ့သည်။ ထိုစဉ်က စစ်ကောင်စီတပ်မီးရှို့၍ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဆင်တဲရွာမှနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

အဆိုပါတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှု ၅နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။