Connect with us

Hi, what are you looking for?

News

အင်းစိန်ပြည်သူ့လွတ်​တော်အမတ်အိမ်ကို စစ်​ကောင်စီချိတ်ပိတ်

“စစ်အာဏာရှင်အုပ်ချုပ်နေသ၍ ဒီအဖြစ်အပျက်မျိုးတွေက မဆန်းပါဘူး။အောင်ပွဲနှင့်အတူပြန်လည်ဆုံတွေ့ကြပါစို့” ဟု ဦးမောင်မောင်ဦးက ရေးသားထားသည်။

အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ချိတ်ပိတ်သည်။

“ကျွန်တော် ဦးမောင်မောင်ဦး အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို ယနေ့ 2.3.2022 နေ့နံနက် (9:45)ခန့်က အကြမ်းဖက် စစ်ကောင်စီက မတရား ဝင်ရောက် ချိတ်ပိတ်သွားပါတယ်” ဟု ဦးမောင်မောင်ဦးက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ​ရေးသားအသိပေး ထားသည်။

ဦးမောင်မောင်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲအနိုင်ရခဲ့သူဖြစ်သည်။ စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးနောက် မိသားစုလိုက်တိမ်းရှောင်ခဲ့ပြီး ယခုအခါ လုံခြုံစိတ်ချရသော နေရာတွင် ရှိနေသည်ဟု သိ့ရသည်။

“အင်းစိန်မြို့မရဲစခန်း(ပ)၄၅၈/၂၀၂၁ အကြမ်းဖျက်တိုက်ဖျက်​ရေးဥပ​ဒေပုဒ်မ ၅၀(က)အမှု ဖြင့်​ခေတ္တပိတ်ထားပါသည်” ဟု ဦး​မောင်​မောင်ဦးအိမ်ကို စစ်​ကောင်စီက စာချိတ်၍ ပိတ်သွားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့အားဆန့်ကျင်သူများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို လိုက်လံသိမ်းဆည်းပြီး လူထုတော်လှန်ရေးအရှိန်လျော့အောင် ကြိုးစားနေသည်။

“စစ်အာဏာရှင်အုပ်ချုပ်နေသ၍ ဒီအဖြစ်အပျက်မျိုးတွေက မဆန်းပါဘူး။အောင်ပွဲနှင့်အတူပြန်လည်ဆုံတွေ့ကြပါစို့” ဟု ဦးမောင်မောင်ဦးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။