Connect with us

Hi, what are you looking for?

News

မတ္တရာနယ် သဖန်းကိုင်းရွာတွင် စစ်ကောင်စီတပ် လောင်စာဆီလိုက်စုနေ၍ ရွာမီးရှို့မည်ကို ဒေသခံများစိုးရိမ်​နေ

မတ်လ ၂ရက်မွန်းလွဲ ၂နာရီခန့်တွင် မတ္တရာအရှေ့ပိုင်းသဖန်းကိုင်း ရွာကိုစစ်ကောင်စီတပ်က လမ်းကြောင်းနှစ်ကြောင်း ဖြင့်ဝင်ရောက်လာသည်ဟု ဆိုသည်။

(​ပြီးခဲ့သည့်နှစ် အောက်တိုဘာ၁ရက်က သဖန်းကိုင်းရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့​နေစဥ်)

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာကိုစစ်ကောင်စီတပ်ဝင်ရောက်ပြီး ရေနံဆီနှင့်ဓာတ်ဆီများလိုက်လံစုဆောင်းနေ၍ ကျေးရွာကိုမီးရှို့မည်ကိုဒေသခံများကစိုးရိမ်နေကြသည်ဟု မတ္တရာဒေသခံတစ်ဦးကပြောသည်။

မတ်လ ၂ရက်မွန်းလွဲ ၂နာရီခန့်တွင် မတ္တရာအရှေ့ပိုင်းသဖန်းကိုင်း ရွာကိုစစ်ကောင်စီတပ်က လမ်းကြောင်းနှစ်ကြောင်း ဖြင့်ဝင်ရောက်လာသည်ဟု ဆိုသည်။

“တောင်ဘက်ခြမ်းကဝင်ပြီး တစ်ကြောင်းက မြောက်ဘက်ခြမ်းကဝင်တယ်။ အဲဒါစစ်ကြောင်းနှစ်ကြောင်း အင်အားပေါင်းက၄၀ကျော်နဲ့၅၀ကြားဝန်းကျင်ရှိတယ်။ လက်ရှိအချိန်မှာသူတို့ကသဖန်းကိုင်းရွာထဲမှာ ၂နေရာခွဲထားတယ်လို့သိရတယ်။ ဘုန်းကြီးကျောင်းနဲ့စာသင် ကျောင်းနဲ့။ပြီးတော့ရွာထဲမှာပတ်သွားပြီး ရေနံဆီတို့ဓာတ်ဆီတို့လိုက်စုနေတယ်ဆိုတဲ့ သတင်းရတယ်။ အဲဒီတော့ရွာသားတွေကဘာကိုစိုးရိမ်နေလဲဆိုတော့ ဒီညသူတို့ရွာကိုမီးရှို့မလားဆိုပြီး စိုးရိတ်စိတ်တွေဖြစ်နေတယ်” ဟုဒေသခံကပြောသည်။

ယခင်ကလည်း သဖန်းကိုင်းရွာကို စစ်ကောင်စီတပ်အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်၁၀လုံးကို မီးရှို့ထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။