Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်တွင် စစ်​ကြောင်းထွက်လာ​သော စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ သုံးဦး​သေဟု TRF ​ပြော

“ရွှေကျင်ရွာကို ၃ နာခွဲလောက်မှ စဝင်ပြီး မီးရှို့ခဲ့တာ။ အိမ်ခြေ နည်းနည်းပဲရှိတဲ့ရွာပါ ။အလွန်ဆုံးရှိ ၅၀ လောက်ပဲရှိတာ။ အကုန် မီးထဲပါသလောက်ရှိတယ်”ဟု တန့်ဆည်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(တန့်ဆည်နယ်ရှိ ရွှေကျင်ကျေးရွာအား မီးရှို့ ခံနေရသည်ကို တွေ့ရစဥ်)

▪️ပျူအား​ကောင်​သော ကျွန်းလည်၊ကဘဲနှင့် မူးခွ ကျေးရွာများကို တိုက်ခိုက်တော့မည်ဖြစ်၍ မဆိုင်သူများ အမြန်ထွက်ခွာကြရန် သတိ​ပေး

စစ်ကိုင်းတိုင်း တန့်တည်မြို့ ကျွန်းလည်ကျေးရွာမှ ရွှေကျင်ကျေးရွာသို့ စစ်ကြောင်းထွက်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း Taze Revolution Forceက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂ ရက်) နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့မှာ အနီးကျေးရွာဖြစ်သော ရွှေကျင်ရွာသို့ ၀င်ရောက်ကာ မီးရှို့ခဲ့ကြောင်းလည်း TRFက ဆိုသည်။

“ရွှေကျင်ရွာကို ၃ နာခွဲလောက်မှ စဝင်ပြီး မီးရှို့ခဲ့တာ။ အိမ်ခြေ နည်းနည်းပဲရှိတဲ့ရွာပါ ။အလွန်ဆုံးရှိ ၅၀ လောက်ပဲရှိတာ။ အကုန် မီးထဲပါသလောက်ရှိတယ်”ဟု တန့်ဆည်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်တွင် ကျွန်းလည်ကျေးရွာမှ ပျူစောထီးများလည်း ပါဝင်သည်ကိုသိရှိရသည်ဟု ၎င်းက ဆိုသညိ။

တန့်ဆည်မြို့ရှိ ကျေးရွာများအနက် ကျွန်းလည်၊ကဘဲနှင့် မူးခွကျေးရွာများသည် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ အားကောင်းနေကြောင်း သိရသည်။

ထို့ကြောင့် ထိုကျေးရွာများတွင်ရှိနေသော သူများကို စစ်ခွေးအပေါင်းအပါ ပျူစောထီးများ အဖြစ်သတ်မှတ်ပြီးတိုက်ခိုက်မှု့များ ပြုလုပ်သွားမည်ဖြစ်သောကြောင့် မသက်ဆိုင်သူများ ကျေးရွာမှ အမြန်ဆုံးထွက်ခွာကြရန် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။