Connect with us

Hi, what are you looking for?

LuduNwayOo

News

ထောင်နံရံနောက် ကျန်နေသေးသည့် အနုပညာရှင်များ

မတရားပုဒ်မတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ကျခံနေရသည့် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့သည့် ဒါရိုက်တာ ဝိုင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းခွင့်ပေးကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်တွင် နာမည်ကြီးအနုပညာရှင်အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း ပြစ်ဒဏ်ကျခံနေသည့် အနုပညာရှင်များကျန်ရှိနေသေးသည်။

မတရားပုဒ်မတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ကျခံနေရသည့် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့သည့် ဒါရိုက်တာ ဝိုင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းခွင့်ပေးကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖမ်းဆီးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ရက်ဂေးအဆို‌တော် စောဖိုးခွားတို့ လွတ်မြောက်လာခြင်းမရှိသေးသလို သရုပ်ဆောင်ရဲတိုက်၊ ဟာသသရုပ်‌ဆောင် ဆင်မ၊ အဆိုတော် အီတိုး ၊ အဆိုတော်ပိုပို တို့ ကျန်ရှိနေသေးသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော်စောဖိုးခွားတို့ကို မည်သည့်အတွက် ဖမ်းဆီးကြောင်းမသိရဘဲ ဖမ်းဆီးထားသည့် အချိန်မှ လက်ရှိအချိန်အထိ၎င်းတို့နှင့်ပတ်သက်ပြီး သတင်းကြားရခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်သည်ဟုဆိုကာ မတရားပုဒ်မတပ်ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်ရဲတိုက်နှင့် ပိုပိုကို ပုဒ်မ ၅၀၅ ကဖြင့်မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်သုံးနှစ်ချမှတ်ထားပြီး ယနေ့လွတ်ငြိမ်းထဲတွင်ပါဝင်လာခဲ့ခြင်းမရှိပါ။

ရဲတိုက်သည် ၎င်းကိုဖမ်းဆီးစဉ်က မူးယစ်ဆေးဝါးများတွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်။

ထို့အတူ ဟာသသရုပ်ဆောင် ဆင်မကိုလည်း ပြီးခဲ့သည့်နှစ်ဩဂုတ်လအတွင်းက ဖမ်းဆီးထားသော်လည်း လွတ်‌မြောက်စာရင်း၌ ပါဝင်လာခဲ့ခြင်းမရှိပေ။

အဆိုတော်အီတိုးသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လွတ်ငြိမ်းခွင့်ရခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ယနေ့လွှတ်ပေးသည့်လွတ်ငြိမ်းစာရင်း၌ မပါဝင်လာခဲ့ပေ။

ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များအတွက် ဝမ်းသာရသလို ကျန်ရှိနေသေးသည့်သူများကိုလည်း လွှတ်ပေးရန် အနုပညာလောကသားများက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

သတင်း

ပဇီကြီးကျေးရွာဖြစ်စဉ် နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အနုပညာရှင်များအနက် သရုပ်ဆောင်မေပန်းချီသည် ဇွန်လအတွင်းက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ကျခံရန်မတရား အမိန့်ချမှတ်ခံရသူဖြစ်သည်။

သတင်း

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

G Fatt သည်လွတ်​​မြောက်နယ်မြနှင့် ပြည်ပသို့ပင်သွား​ရောက်နေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ခံဝန်ထိုးကာ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပရိသတ်များရှေ့သို့ ပထမဆုံးပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။