Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မီးရှို့၍ လူနေအိမ် ၆,၀၀၀ကျော် ပျက်စီးခဲ့

Data For Myanmarက ပြုစုထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်းကျေးရွာများ၌ မီးရှို့ခံရမှုအများဆုံး ဖြစ်ပြီး အိမ်ခြေ ၃,၆၀၀ကျော်ပျက်စီးခဲ့သည်ဟုဆို သည်။

(ထန်တလန်မြို့ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - TPAC-IDPs)

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့၍ လူနေအိမ် ၆,၁၅၈ လုံးပျက်စီးခဲ့ကြောင်း Data For Myanmar က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ် ၆,၀၀၀ ကျော်ရှိသည့်အနက် နေအိမ် ၃,၀၀၀ ကျော်မှာ ယခုနှစ် ဇန်နဝါရီနှင့်ဖေဖော်ဝါရီအတွင်း ပျက်စီးခဲ့ကြောင်း Data For Myanmar၏ စာရင်းများအရ တွေ့ရသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ယခုနောက်ပိုင်း အရပ်သားပြည်သူလူထုများ၏ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများတိုး၍ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

အဆိုပါအရေအတွက်သည် နေရာပေါင်း ၁၆၅နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Data For Myanmarက ပြုစုထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်းကျေးရွာများ၌ မီးရှို့ခံရမှုအများဆုံး ဖြစ်ပြီး အိမ်ခြေ ၃,၆၀၀ကျော်ပျက်စီးခဲ့သည်ဟုဆို သည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၀၀ကျော်၊ မကွေးတိုင်း၌ အိမ်ခြေ ၉၀၀ခန့်၊ ကယားတွင် အိမ်ခြေ ၃၀၀ကျော်မီးလောင်ခဲ့ပြီးရှမ်းတောင်၊မန္တလေး၊တနင်္သာရီ၊ပဲခူးနှင့်ကရင် ဒေသများ၌လည်း စစ်ကောင်စီတပ်များမီးရှို့၍ နေအိမ်များပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။