Connect with us

Hi, what are you looking for?

News

ဆီမီးခုံဆိပ်ကမ်းတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို မဟာမိတ်၁၄ ဖွဲ့တိုက်ခိုက်စစ်သား ၁၈ ဦးခန့်​သေဆုံး

ယမန့်​​နေ့နံနက်တိုက်ပွဲတွင် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သာဒွန်းကျေးရွာမှ ဒေသခံ အမျိုသမီးငယ်တစ်ဦးပေါင်ကျည်ထိမှန်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

(၂၀၂၁နှစ်ကုန်ပိုင်းက ဆီမီးခုံဆိပ်ကမ်းဆိုက်ကပ်ခဲ့သည့်စစ်သင်္ဘောတစ်စီး။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ဧရာဝတီမြစ်အတွင်းရှိ ဆီမီးခုံဆိပ်ကမ်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီးအား ဒေသတွင်းမဟာမိတ်အဖွဲ့ ၁၄ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၈ဦးခန့်သေဆုံးနိုင်ကြောင်း တလုပ်PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂ ရက်နေ့) နံနက် ၄ နာရီ၃၀ မိနစ်မှ ၅နာရီ ၁၀မိနစ် ခန့်အထိ မိနစ်လေးဆယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။မြင်းခြံမြို့နယ်၊ ဆီမီးခုံရေနက်ဆိပ်ကမ်းတွင် အခြေကျတပ်စွဲထားသော အကြမ်းဖက်စစ်အင်အား ၁၀၀နှင့် စစ်သင်္ဘောနှစ်စီးအား မဟာမိတ်ညီနောင်အဖွဲ့များမှ RPG နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ချိန်မှတ်တည့်တည့်အား ထိမှန်သဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေးအင်အားစု မဟာမိတ်ညီနောင်များမှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာပြီး ၁၈ ဦးခန့်သေဆုံးနိုင်ကာ အများအပြား ထိခိုက်ဒဏ်ရာများ ရရှိသွားနိုင်ကြောင်း PDF တလုပ်က အသိပေးသည်။

အဆိုပါတိုက်ပွဲအတွက် ပြ​ည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များသည် တိုက်ပွဲမဖြစ်မီ လေးရက်ခန့်အလိုကတည်းက ကြိုတင်ပြင်ဆင်ကာ အကြမ်းဖက်အဖွဲ့အလစ်အငိုက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ မီးဆလိုက်ထိုးသည့် စစ်သားတစ်ဦး၊ ဇီးရိုးပွိုင့်ဖိုက် စက်သေနတ်ပစ်သည့် စစ်သားတစ်ဦးအပါအဝင် စုစုပေါင်း ၁၉ ဦးခန့်သေဆုံးနိုင်ကြောင်း၊ စစ်သင်္ဘောလည်း အာပီဂျီ ၁ ချက်၊ ဖောတီးအမ်အမ် ၁ ချက် အပြင် မောင်းပြန်များဖြင့်လည်း ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သည် ဆီမီးခုံဆိပ်ကမ်းတွင် သံချပ်ကာကား ၁ စီး နှင့် ဖလက်၃ စီးပါ စစ်သင်္ဘော ၁ စီးတို့ဖြင့် ကျောက်ချတပ်စွဲနေခဲ့ခြင်းဖြစ်ပြီး ရေကြောင်းမှသွားလာသူမှန်သမျှအား ဖမ်းဆီးစစ်ဆေးခြင်း၊ ဆက်ကြေး​တောင်းခြင်းတို့အပြင် ယခင်ရက်များက သာဒွန်းကျေးရွာ နေပူကုန်းကျေးရွာများသို့ မကြာမကြာ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန့်​​နေ့နံနက်တိုက်ပွဲတွင် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သာဒွန်းကျေးရွာမှ ဒေသခံ အမျိုသမီးငယ်တစ်ဦးပေါင်ကျည်ထိမှန်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တလုပ်) PDF-TALOKEက ဦးဆောင်၍ Burmese Guerilla Force(BGF)၊ 27 Revolution Force၊ MDY PDF၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ မြေလတ် One More၊ MGN Ranger၊ MGN Tiger၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM၊ မြောင်ပြည်သူ့တပ်မတော် Myaung Union Army – MUA၊ ပြောက်ကျားလင်းယုန်၊ Myinmu Civil Revolution Force၊ ဒေါင်းစစ်သည် စုစု​ပေါင်း ၁၄ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲနှင့်ပါတ်သပ်၍PDF အဖွဲ့အချို့ထံ ​လူထု​နွေဦးသတင်ဌာနက ဆက်သွယ်​မေးမြန်းရာ ​ဖြေကြားခြင်းမရှိ​သေး​ပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။