Connect with us

Hi, what are you looking for?

News

စက်သုံးဆီ​ဈေး တစ်လီတာ ၂,၀၀၀ ကျပ်အထက် ပထမဆုံးအကြိမ်​ရောက်

မန္တလေး၊ပဲခူးနှင့် အခြားတိုင်းဒေသကြီးများတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂,၀၁၅ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၂၁၅၅ ကျပ်အထိ မြင့်တက်ကုန်သည်။ ပရီမီယံ ဒီဇယ် တစ်လီတာကို ၂,၀၄၅ကျပ်အထိ​ ဈေး​ပေါက်လာသည်။

●စစ်တပ် အာဏာမသိမ်းခင်ကနှင့်နှိုင်းယှဥ်လျှင် ​ဈေးသုံးဆမြင့်တက်လာခြင်းဖြစ်

အာဏာသိမ်းပြီး ၁၃ လကျော်အကြာတွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၀၀၀ကျော်သို့ ပထမဆုံးအကြိမ် စံချိန်တင်မြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်ဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာကိုယ​နေ့ ကျပ် ၁,၉၁၀ ကျပ်မှ ၁,၉၇၅ ကျပ်အထိ ပေါက်ဈေးရှိသော်လည်း အခြားဒေသအာလုံးတွင် ကျပ် ၂,၀၀၀အထက်ကို မတ်လ ၃ ရက်တွင်စံချိန်တင်မြင့်တက်သွားခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ဆိုင်များတွင်ပင် စစ်​ကောင်စီက​ဒေါ်လာ​ရောင်း​ပေး​သောဆိုင်များတွင် ​ဈေးအနည်းငယ်နည်း​သော်လည်း ​အချို့ဆိုင်များမှာ ယ​​​​နေ့တွင်ပင် တစ်လီတာ ၂,၀၀၀ ကျပ်​ကျော်​နေပြီဖြစ်သည်။

နိုင်ငံတော်အာဏာကို စစ်တပ်က မသိမ်းယူခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်က အောက်တိန်း၉၂ တစ်လီတာကို ၆၆၅ ကျပ်၊အောက်တိန်း ၉၅ တစ်လီတာကို ၇၆၅ကျပ် နှင့် ဒီဇယ်တစ်လီတာကို ၆၉၅ကျပ်သာ ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်ကျော်အတွင်း စက်သုံးဆီ တစ်လီတာကို ဈေး ၂၀၀ ရာခိုင်းနှုန်း​(သုံးဆ)ကျော်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်ဈေးကွက်တွင် ယ​​​နေ့ (မတ် ၃ရက်) နံနက်၌ အောက်တိန်း တစ်လီတာကို ၁,၉၁၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်းညနေပိုင်းတွင် တစ်လီတာကို ၁,၉၃၅ ကျပ်မှ ၁,၉၉၅ ကျပ်အထိတက်လာသည်။ မတ် ၃ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာကို ၁,၉၇၅ ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၁,၉၂၅ ကျပ်အထိ ဈေးမြင့်တက်လာသည်။ အချို့ဆိုင်များတွင် ​အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၉၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၁၀၅ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၁,၉၉၅ ကျပ်​ဈေးအထိ ဈေးတက်သွားသည်။

မန္တလေး၊ပဲခူးနှင့် အခြားတိုင်းဒေသကြီးများတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂,၀၁၅ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၂၁၅၅ ကျပ်အထိ မြင့်တက်ကုန်သည်။ ပရီမီယံ ဒီဇယ် တစ်လီတာကို ၂,၀၄၅ကျပ်အထိ​ ဈေး​ပေါက်လာသည်။

ရန်ကုန်မြို့တွင် မတ်လ ၁ ရက်က အောက်တိန်း ၉၂ တစ်လီတာကို ၁,၇၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို၁,၈၁၅ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၁,၇၃၅ ကျပ် အထိသာ​ဈေးရှိရာမှ ရက်ပိုင်းအတွင်း တစ်လီတာလျှင် ၂၀၀ ကျပ်​ကျော်ရုတ်တရက်​ ဈေးတက်လာခြင်းဖြစ်သည်။

“ရှေ့ဆက်ဆီဈေးက ဆက်တက်မှာ ရန်ကုန်မှာလဲ မနက်ဖြန်ဆို တစ်လီတာ ၂,၀၀၀ကျော်တော့မှာ”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

လက်ရှိ ဆီဈေးမြင့်တက်လာခြင်းမှာ နိုင်ငံတွင်း ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခြင်းနှင့် ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ကမ္ဘာ့စက်သုံးဆီဈေး ပိုမိုမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စက်သုံးဆီ​ဈေးစံချိန်တင်မြင့်တက်လာခြင်း​ ၊မီးပျက်ခြင်း ၊​​ငွေ​ကြေး​ဖောင်းပွခြင်းတို့ကြောင့် သယ်ယူပို့​ဆောင်စာရိတ် ၊ကုန်​ဈေးနှုန်းများ ပိုမိုမြင်တက်လာမည်ဖြစ်​ကြောင်းလုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်သည်။

ထိုပြင် မြန်မာနိုင်ငံက စက်သုံးဆီလုပ်ငန်းရှင်များကို ဆီရောင်းချမှုကို ပိုမိုတင်းကျပ်လိုက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီတင်သွင်းမှုမိုပိုခက်ခဲလာသည်ဟု ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။