Connect with us

Hi, what are you looking for?

News

ယင်းမာပင်မြို့နယ်တွင် ​ဖေ​ဖော်ဝါရီအတွင်း စစ်​ကောင်စီတပ်က ​​လေ​ကြောင်းတိုက်ခိုက်မှု​လေးကြိမ်လုပ်ပြီး ကျေးရွာနှစ်ရွာကို မီးရှို့၊ ပြည်သူ ၁၁ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီလအတွင်း လေကြောင်းဖြင့်တိုက်ခိုက်မှု လေးကြိမ်ရှိခဲ့ပြီး ကျေးရွာနှစ်ရွာမှ လူနေအိမ်ရာချီ မီးရှို့ဖျက်ဆီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၁၁ဦးထက်မနည်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(ချင်ပုန်းရွာနှင့်သပြေအေးရွာ မီးရှို့ဖျက်ဆီးခံရမှုမြင်ကွင်းများ)

ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခရိုင်ပူးပေါင်း PDF ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ဖေဖော်ဝါရီ ဒုတိယအပတ်မှစတင်၍ ဖေဖော်ဝါရီ တတိယပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့်အကြိမ်ရေမှာ ၁၇ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ရသည့်အကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို မီးရှို့ဖျက်ဆီးခြင်း၊ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ စသည့်လုပ်ရပ်များကြောင့် ထိုသို့တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် ဖေဖော်ဝါရီ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အဆိုးဆုံးလုပ်ရပ်မှာ ယင်းမာပင်မြို့နယ် ချင်ပုန်းကျေးရွာ၊ သပြေအေးကျေးရွာရှိ လူနေအိမ်များကို အကြောင်း မဲ့ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရာနှင့်ချီသော လူနေအိမ်များပျက်စီးခဲ့ကြောင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးခဲ့ကြပြီး အပြစ်မဲ့ပြည်သူ ၁၁ ဦးထက်မနည်း အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီအတွင်း လေကြောင်းဖြင့်လည်း လေးကြိမ်တိတိတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်သည့်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ဖေဖော်ဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး ၅၀ကျော်ထက်မနည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထက်မနည်း(မစိုးရိမ်ရ) ထိခိုက်မှုရှိခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

(ချင်ပုန်းရွာနှင့်သပြေအေးရွာ မီးရှို့ဖျက်ဆီးခံရမှုမြင်ကွင်းများ)

“ဖေဖော်ဝါရီလ ၈ ရက်နေ့ ဖေဖော်ဝါရီလကုန်အထိဖြစ်ခဲ့တာပါ။ အကြမ်းဖက်စစ်တပ်က ယင်းမာပင်နယ်မှာ အရင်တုန်းကလည်း ပိုဆိုးခဲ့တယ်။ အခုလည်းပိုဆိုးလာတယ်။ အခုဖြစ်စဉ်တွေမှာ စစ်အာဏာရှင်ကို တိုက်ကြတဲ့နေရာမှာ အားလျော့မသွားကြစေလိုဘဲ ပိုပြီး အားတင်းထားကြပါ။စစ်အာဏာ ရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ အမြဲတမ်းကြိုးစားနေပါတယ်။အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ပြောလိုပါတယ်”ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် စစ်မှန်သောဒီမိုကရေစီ၊ စစ်မှန်သောဖက်ဒရယ်ကို လိုလားသည့်စိတ်ဓါတ်မျိုးမရှိကြောင်း၊ လူထုထောက်ခံသည့် အစိုးရလက်ထက်တွင်လည်း ​အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတို့တွင် ဒီမိုကရေစီနှင့်ပတ်သက်၍ ကန့်လန့်တိုက်ခဲ့သည့်သဘောထားများ တွေ့ရှိခဲ့ရကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။