Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများ

ယမန်နေ့တွင် ကျောက်ဆည်ကန် အပါအဝင် နေရာနှစ်ခု၌တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒီးမော့ဆို PDFက ဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ပြားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို တော်လှန်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။

ယမန်နေ့ (မတ်လ ၆ရက်)က ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုရွာ ကျောက်ဆည်ကန်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒေသတင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ် နှင့် အခြားတော်လှန်ရေးတပ်များပူးပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ကျောက်ဆည်ကန် အပါအဝင် နေရာနှစ်ခု၌တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒီးမော့ဆို PDFက ဆိုသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလလည်မှစ၍ ထိုးစစ်ဆင်နေ၍ ဒီးမော့ဆိုနှင့် ရှမ်းကယားနယ်စပ် မိုးဗြဲဒေသတွင် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်