Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများ

ယမန်နေ့တွင် ကျောက်ဆည်ကန် အပါအဝင် နေရာနှစ်ခု၌တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒီးမော့ဆို PDFက ဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ပြားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို တော်လှန်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။

ယမန်နေ့ (မတ်လ ၆ရက်)က ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုရွာ ကျောက်ဆည်ကန်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒေသတင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ် နှင့် အခြားတော်လှန်ရေးတပ်များပူးပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ကျောက်ဆည်ကန် အပါအဝင် နေရာနှစ်ခု၌တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒီးမော့ဆို PDFက ဆိုသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလလည်မှစ၍ ထိုးစစ်ဆင်နေ၍ ဒီးမော့ဆိုနှင့် ရှမ်းကယားနယ်စပ် မိုးဗြဲဒေသတွင် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။