Connect with us

Hi, what are you looking for?

News

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ် နှစ်လအတွင်း တိုက်ပွဲ ကိုးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၅၇ ဦးသေပြီး CDF တစ်ဦးကျဆုံး

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၁ရက်တွင် မောချောင်းရွာရှိ ပြည်သူလူထု နေအိမ် ​လေးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာ လူနေအိမ်များအားဖောက်ထွန်းကာ ပစ္စည်းများခိုးယူခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

(ကန်ပက်လက် CDF ရဲ​ဘော်များ စစ်သင်တန်းပွဲကျင်းပ​နေသည်ကို ​​တွေ့ရစဥ်၊ ဓာတ်ပုံ - ကန်ပက်လက် CDF)

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်လအတွင်း တိုက်ပွဲ ကိုးကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၇ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် CDFက ယနေ့ ထုတ်ပြန်သည်။

ချင်း-မကွေး နယ်စပ်ရှိ ကန်ပက်လက်၊ ဆောမြို့နယ်တို့၌ ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေ အနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်လအတွင်း ကန်ပက်လက်မြို့၊ ဆောမြို့၊ ဆောမြို့နယ် အညာကတင်းရွာ၊ အပေါရွာအနီး၊ ဆွဲလွဲကျင်းနှင့် မဆာတွီကြား၊ မောချောင်းရွာအနီး၊ ကျင်ဒွေး- မောချောင်းကြား၊ မဆာတွီ-ဆွဲလွဲကျင်းကြား စသည့်နေရာများ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအတွင်း ကန်ပက်လက် CDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီ ၃၁ရက်က ကန်ပက်လက်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီရမ်းသမ်းပစ်ခတ်သောလက်နက်ကြီးထိမှန်ကာ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၁ရက်တွင် မောချောင်းရွာရှိ ပြည်သူလူထု နေအိမ် ​လေးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာ လူနေအိမ်များအားဖောက်ထွန်းကာ ပစ္စည်းများခိုးယူခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ရက်ကလည်း မဆာတွီကျေးရွာရှိ နွားနောက် နှစ်ကောင်အား ပစ်သတ်ကြပြီး တစ်ကောင်ကို ချက်စားကြကာ တစ်ကောင်ကို ကားပေါ်တင် ယူဆောင်သွားကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။