Connect with us

Hi, what are you looking for?

News

နေရာအချို့တွင် မတ်၁၈ မှ ၂၄ ရက်အတွင်း ၂၄ နာရီစလုံးမီးပြတ်​မည်ဟုစစ်​ကောင်စီ​ကြေညာ

“စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘာတခုမှ ကောင်းကျိုးမရှိဘူး။ဆီဈေးတွေလည်းတက်၊ မီးတွေလည်း ပျက် ။ ကုန်ဈေးနှုန်းက တက်တယ်။ အခုလို ၂၄ နာရီတောင် ပျက်မယ်ဆိုတော့ တော်တော်တရားလွန်သွားပြီ” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောသည်။

(မီးပြတ်​တောက်မှုဆိုးရွား​နေသဖြင့် ရန်ကုန်မြို့ ပါရမီလမ်းနှင့် ​အေဒီလမ်းရှိမီးပွိင့်တွင် မီးပွိင့်အချက်ပြရန် မီးစက်နှစ်လုံးဖြင့် စစ်​ကောင်စီလက်​အောက်ခံယာဥ်ထိန်းရဲအချို့ မတ်လ ၆ ရက်နံနက်ပိုင်းကပြင်ဆင်​နေကြသည်။အဆိုပါဓါတ်ပုံသည်မတ်လ ၆ ရက်​ပြည်တွင်းဖေစ်ဘွခ်သုံးစွဲသူများကြားလူ​ပြောများခဲ့ပြီးပျံ့နှံ့မှုများခဲ့သည်)

လျှပ်စစ်ဓာတ်အားထုတ်လုပ်မူလျော့ကျလာမည့်ဖြစ်၍ နိုင်ငံအတွင်းနေရာအချို့တွင်လာမည့်မတ်လ ၁၂ ရက်မှ ၁၈ရက်အတွင်း တစ်ပတ်ကြာ ၂၄ နာရီလုံးလျှပ်စစ်မီးပြတ်တောက်မည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်လျော့ကျခြင်းအပါအဝင် ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ်၁၃၀၄ လျော့ကျသွားမည်ဖြစ်၍မတ်လ ၁၂ ရက်မှ မတ်လ၁၈ ရက်အတွင်းနေရာအချို့တွင် ၂၄ နာရီလုံးလျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီးဌာနကဆိုသည်။

“စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘာတခုမှ ကောင်းကျိုးမရှိဘူး။ဆီဈေးတွေလည်းတက်၊ မီးတွေလည်း ပျက် ။ ကုန်ဈေးနှုန်းက တက်တယ်။ အခုလို ၂၄ နာရီတောင် ပျက်မယ်ဆိုတော့ တော်တော်တရားလွန်သွားပြီ” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောသည်။

နိုင်ငံတစ်ဝန်းမီးပြတ်​တောက်မှု ပိုမိုးဆိုးရွာလာသလို စက်သုံးဆီ​ဈေးများလည်း စံချိန်တင်မြင့်တက်​နေ၍ ကုန်ထုတ်လုပ်မှု ဝန်​ဆောင်မှုစာရိတ်များပိုကုန်ကျ၍ ကုန်​ဈေးနှုန်းများလည်း မြင့်တက်လာ​နိုင်​ကြောင်းစီးပွား​ရေးသမားအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီးနောက် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ်ပျက်စီးပြိုလဲလာခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်အချိန်က နိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၂၀၀ရှိပြီး စစ်တပ်အာဏာသိမ်းပြီး ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တော့သည်ဟု စစ်ကောင်စီဝန်ကြီးဌာနက ဝန်ခံထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံတွင် လျှပ်စစ်သုံးဆွဲမူသည် နေ့ဘက်တွင် မဂ္ဂါဝပ် ၃၄၀၀ရှိပြီး ညဘက်တွင် မဂ္ဂါဝပ် ၃၆၀၀ရှိသည်။ ထုတ်လုပ်မူနှင့် သုံးစွဲခြင်းမလုံလောင်ခြင်းကြောင့် အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေရသည်ဟုဆိုသည်။

စစ်ကောင်စီ၏ အဆိုအရ ယခင်အရပ်သားအစိုးလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် မဂ္ဂါဝပ် ၇၅၀ထွက်သည့် LNG ဓာတ်အားပေးစက်ရုံနှစ်ခုတွင်LNGဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားသည်ဟုဆိုသည်။ သို့​သော်LNG ဓါတ်အား​ပေးစက်ရုံများကို စစ်​ကောင်စီက ပိုက်ဆံမ​ပေး​တော့သဖြင့် ရပ်နားသွားခြင်းဖြစ်​ကြောင်း People’s Spring က စုံစမ်းသိ့ရသည်။ ထို့​​ကြောင့် စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက် လက်နက်များဝယ်ယူရန် ၊အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်အတွက် ဗိုလ်ရှုသဘင်ကျင်းပရန် စသည်တို့တွင် ​ငွေများစွာအကုန်အကျခံ​သော်လည်း လျှပ်စစ်မီး​ပေးရန်အတွက် အကုန်အကျများစွာမခံသည်ကို​တွေ့ရသည်။

ဓာတ်အားလိုင်းများပြတ်တောက်ခြင်းကြောင့် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှဓာတ်အား မဂ္ဂါဝပ် ၂၂၀ ကို မဟာဓာတ်အားလိုင်းသို့မပိုနိုင်ဟုလည်းဆိုထားသည်။ ထိုအပြင် ယခုအခါ ရွှေဘာဝဓာတ်ငွေ့စီမံကိန်းတွင် အသစ်ထွက်လာသည့် သဘာဝဓာတ်ငွေ့တွင်းဖြင့် ပိုင်းလိုင်းချိတ်ရန်အတွက် ဓာတ်ငွေ့ထုတ်လုပ်မှု​ခေတ္တရပ်ဆိုင်းမည်ဟုဆိုပြန်သည်။ထိုကြောင့် မဂ္ဂါဝပ် ၃၃၄ ထပ်မံလျော့နည်းမည်ဟုစစ်​ကောင်စီကဆိုသည်။ စသည်တို့​ကြောင့် ပုံမှန်ထုတ်လုပ်မှုထက် ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် လျော့နည်းနေ​ကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။