Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ လက်နက်ကြီးထိမှန်လို့ ကလေးငယ် ၃ ဦးအပါအဝင်ရွာသား ၇ ဦး သေဆုံး

သေဆုံးသွားတဲ့ ကလေးသုံးဦးစလုံးဟာ မိန်းကလေးတွေပဲဖြစ်ကြပြီး ဒဏ်ရာရရှိသူတွေထဲမှာလည်း ကလေးငယ်နှစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

People's Spring
People's Spring

ဖာပွန်ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ မတ်လ ၅ ရက်ညက လက်နက်ကြီးထိမှန်လို့ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ကလေးသုံးဦးအပါအဝင် ရွာသား ၇ ဦးသေဆုံးသွားခဲ့ပြီး လေးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က သတင်းထုတ်ပြန်ပါတယ်။

ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ကလော်ဒေးကျေးရွာမှာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကလေးသုံးဦးစလုံးဟာ မိန်းကလေးတွေပဲဖြစ်ကြပြီး ဒဏ်ရာရရှိသူတွေထဲမှာလည်း ကလေးငယ်နှစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို တမင်ရည်ရွယ်ပစ်ခတ်ပြီး အခုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ KPSN က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီဟာ ဒရုန်းအသုံးပြုပြီး စစ်ဘေးရှောင်နဲ့ ကျေးရွာတွေရဲ့တည်နေရာတွေကို စုံစမ်းကာ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ လေယာဉ်ဆီတွေ မရောင်းချပေးဖို့၊ အခက်ကြုံနေရတဲ့ စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော်ကူညီပေးမှုတွေ ပိုမိုလုပ်ဆောင်ပေးနိုင်ဖို့ စတဲ့အချက်တွေကို KPSN က တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။