Connect with us

Hi, what are you looking for?

News

မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် လူနေရပ်ကွက်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

မိုးဗြဲမြို့တွင် ဖေဖော်ဝါရီ ၁၆ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများ လည်း လုပ်ဆောင်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၂၂) တပ်က ယနေ့ နေ့လယ်ပိုင်းတွင် မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်နေ၍ ပြည်သူများ လုံခြုံသည့်နေရာ၌ နေထိုင်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန် သည်။

မတ်လ ၇ရက် နေ့လယ် ၂နာရီ ၁၅ မိနစ်မှစ၍ စစ်ကောင် စီတပ်က မိုးဗြဲ လူနေရပ်ကွက်များ ဆီသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် မိုးဗြဲ ရထားဘောင်မှ ဒုန်းဒူထန်ကျေးရွာနှင့် လွယ်ယင်းမင်္ဂလာကျေးရွာဘက်သို့ စစ်ကြောင်း ထိုးရန်ရှိသည်ဟု သတင်းရထားကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ထို့ကြောင့် မိုးဗြဲမြို့မှ ပြည်သူများအနေဖြင့် အသွား အလာ ပြုလုပ်ခြင်းများမလုပ်ကြရန်နှင့် လုံခြုံသည့် နေရာ၌ နေထိုင်ကြရန် အသိပေးကြောင်း ဖော်ပြထား သည်။

မိုးဗြဲမြို့တွင် ဖေဖော်ဝါရီ ၁၆ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများ လည်း လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီတပ်များ မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံများသေဆုံးထိခိုက်မှုများရှိခဲ့သည်။ ယခု လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။