Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင်တိုက်ပွဲသုံးကြိမ်ဖြစ်ရာ စစ်​ကောင်စီတပ် ၆ဦး​သေ

“ဒီနေ့သူတို့ကစစ်ကြောင်း သုံးကြောင်းခွဲပြီးတက်လာတယ်။ တချို့ကလေယာဉ်ကွင်းဆောက်ဖို့ လျာထားတဲ့နေရာကတက်လာလို့ အာ့မှာ တိုက်ပွဲဖြစ်တာ၊”ဟု CDF-ကန်ပက်လက် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်​ဘေး​ရှောင်ဒုက္ခသည်များအတွက် ဆန်အိတ်လှူဒါန်း​နေစဥ်၊ ဓာတ်ပုံ - ကန်ပက်လက်-ပအဖ)

●မီးရှို့ ဖျက်ဆီးခံရ​သောအိမ်​လေးလုံးနှင့်စစ်​ဘေး​ရှောင်များကို ကန်ပက်လက်(ပအဖ)ကဆန်အိတ်၃၀နှင့်ကျပ် ၁၇သိန်း​ကျော်​ထောက်ပံ့

ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးခဲ့ကြောင်း CDF-ကန်ပက်လက် ပြန်ကြားရေးတာဝန်ခံကပြောသည်။

ယနေ့ နံနက်(မတ်၇ရက်)တွင် ကန်ပက်လက်မြို့တွင်းကို စစ်ကောင်စီဖက်မှ အင်အား ၁၅၀ဖြင့် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာစဉ်တွင် ချင်း​ဒေသကာ ကွယ်ရေးတပ်- CDF (ကန်ပက်လက်)နှင့် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့သူတို့ကစစ်ကြောင်း သုံးကြောင်းခွဲပြီးတက်လာတယ်။ တချို့ကလေယာဉ်ကွင်းဆောက်ဖို့ လျာထားတဲ့နေရာကတက်လာလို့ အာ့မှာ တိုက်ပွဲဖြစ်တာ၊”ဟု CDF-ကန်ပက်လက် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နံနက် ၇နာရီမှ ၉နာရီအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ဦးသေဆုံးကာဒေသခံကာကွယ်ရေးတပ်များဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း CDF-ကန်ပက်လက်မှ ပြန်ကြား​ရေးတာဝန်ခံကဆက်​ ပြောသည်။

ညနေပိုင်းတွင်လည်းတိုက်ပွဲထပ်မဖြစ်သော်လည်းစစ်​ကောင်စီတပ်ဘက်က မြို့တွင်းမှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေသည်ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတိုက်ပွဲအခြေအနေများကြောင့် လက်မွန်- ခါးပန်လမ်းပိုင်း၊ လက်မွန် – ကျော့တော်လမ်းပိုင်း၊ အညာကတင်း-ကန်းလောင်းလမ်းပိုင်းနှင့် ဆော- ကန်ပက်လက်လမ်းပိုင်းတို့အား လုံးဝ အသုံးမပြုကြရန်CDF-ကန်ပက်လက်ကသတိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့်CDF-Kanpetletတို့ကြား ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း မောချောင်းရွာနှင့်မဆာတွီရွာအကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။

ထိုပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆောမြို့နယ်၊ဆွဲလွဲကျင်းရွာနှင့်ကန်ပက်လက်မြို့နယ်၊မဆာတွီကျေးရွာအကြားတွင်လည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့သည်။ အလားတူမတ်လ ၄ ရက်တွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများအတွင်း မဆာတွီကျေးရွာနှင့်မောချောင်းကျေးရွာတို့မှပြည်သူတို့၏​နေအိမ်မအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့ဖျက်ဆီးခံခဲ့ရ​သောနေအိမ်လေးလုံး နှင့် စစ်ဘေးရှောင်များကို ကန်ပက်လက်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဆန်အိတ်၃၀နှင့်ငွေသား(၁,၇၅၃,၀၀၀)ကျပ်ထောက်ပံ့ပေးခဲ့သည်ဟု မတ် ၇ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်