Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင်ခြောက်ဦးသေဟု CDF ထုတ်ပြန်

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်ကြီးအပါအဝင် ​ခြောကဦးသေဆုံးခဲ့ပြီး ကန်ပက်လက် CDF နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ​ခြောက်ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်း ထုတ်ပြန်သည်။

မကွေးတိုင်း နယ်စပ်မှ စစ်ကြောင်းသုံးကြောင်းခွဲ၍ ကန်ပက်လက်မြို့သို့ဦးတည် စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်နှင့် မတ်လ ၇ရက် နံနက် ၇နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၉နာရီခန့်တွင် တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဗိုလ်ကြီးအပါအဝင် ​ခြောကဦးသေဆုံးခဲ့ပြီး ကန်ပက်လက် CDF နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် လေယောဉ်ကွင်းမှ ကန်ပက်လက်မြို့သို့ ဝင်ရောက်လာကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့်ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၉ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅၇ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ကန်ပက်လက် CDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။