Connect with us

Hi, what are you looking for?

News

ခေတ်အဆက်အဆက် ကျေးရွာသူကြီးမ တာဝန်ထမ်းဆောင်ခဲ့တဲ့ကရင်အဖွားအိုတွေကို ဂုဏ်ပြု

ကရင့်တော်လှန်ရေးကစပြီး ကေအဲန်ယူ-ဖားအံခရိုင်အတွင်းမှာ ခေတ်အဆက်အဆက် ကျေးရွာသူကြီးမ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သက်ရှိထင်ရှားရှိနေဆဲအဖွား ၃၄ ဦးကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ကေအဲန်ယူ-ဖားအံခရိုင် နဘူးမြို့နယ် သာယာကုန်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဖားအံခရိုင်၊ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန ဌာနမှူး၊ ဖားအံခရိုင် ကရင်အမျိုးသမီးအစည်းအရုံးတို့က ဦးဆောင်ပြီး ခရိုင်အဆင့် ဂုဏ်ပြုကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားကို နဘူးမြို့နယ်မှာ ပထမဆုံးအကြိမ် ခရိုင်အဆင့် ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်တာဝန်ရှိခေါင်းဆောင်တွေ ကရင်အအမျိုးသမီးအစည်းအရုံးနဲ့ ကရင်လူငယ်အစည်းအရုံးက လူငယ်တွေနဲ့ ဒေသခံတွေအပါအဝင် လူဦးရေ ၃၅၀ နီးပါးတက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ ကေအဲန်ယူဖားအံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။