Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်​ကောင်စီတပ်က ရဲတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို ပစ်သတ်

“စစ်တပ်က PDF တွေကိုချောင်းနေတာ။ ကျွန်တော်ရဲပါလို့ ပြောတာကို မူးရူးနေတဲ့ စခတွေက ပစ်သတ်သွားတာ။ ဦးဝင်းမြင့်ကတော့ ဆီးခုံမှန်ပြီးဆုံးတယ်။ ရဲကတော့ဆေးရုံမှာဆုံးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ကပစ်​သတ်ခဲ့​​သော ရဲတပ်သား​ဂျော်ကာတိုး ။ ဓါတ်ပုံ-CJ)

●ရဲတပ်သား​ဂျော်ကာတိုး အသတ်ခံရမှုအ​ပေါ်မိသားစုကရဲစခန်းသို့သွား​ရောက် အမှုဖွင့်​သော်လည်းအမှုဖွင့်မ​​ပေး

မကွေးတိုင်း၊ ရေစကြိုမြို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ရဲတစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းဒေသခံများကပြောသည်။

ယမန်နေ့ (မတ်လ ၈ ရက်နေ့) ည ၉း၃၀ အချိန်ခန့်က ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖြတ်သန်းသွားလာသူနှစ်ဦးအား မသင်္ကာ၍ လိုက်လံပစ်ခတ်ရာ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား ဂျော်ကာတိုးဆိုသူနှင့် အသက် ၆၂ နှစ်အရွယ် ကြံ့ခိုင်ရေးပါတီဝင် ဦးဝင်းမြင့်ဆိုသူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်က PDF တွေကိုချောင်းနေတာ။ ကျွန်တော်ရဲပါလို့ ပြောတာကို မူးရူးနေတဲ့ စခတွေက ပစ်သတ်သွားတာ။ ဦးဝင်းမြင့်ကတော့ ဆီးခုံမှန်ပြီးဆုံးတယ်။ ရဲကတော့ဆေးရုံမှာဆုံးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရသည့်ကိစ္စ မိသားစုက မကျေနပ်၍ ရဲစခန်းသွားရောက် အမှုဖွင့်သော်လည်း အမှုဖွင့်မပေးကြောင်း ဒေသခံများက ပြောသည်။

“ည ၁၁ လောက်ကလည်း ပေါက်ကွဲသံ ၃ ချက်လောက်ကြားရတယ်။ တော်တော်ပြင်းတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်ပေါက်ကွဲသံများကြောင့် အနီးဝန်းကျင်ရှိကျေးရွာများ ကြောက်လန့်ကာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဒေသခံများကပြောသည်။

ယမန်နေ့ နံနက် (၂) နာရီခန့်ကလည်း ရေစကြိုနှင့်နယ်ချင်းဆက်နေသည့် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ ဇော်မင်းနိုင်အားမဟာမိတ် အဖွဲ့များပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ရာ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇော်မင်းနိုင်မှာထွက်ပြေးလွတ်မြောက်သွားကြောင်း ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်သည်။​​ဇော်မင်းနိုင်ကြောင့်ပြည်သူများ၊ရဲဘော်များ၊လုံခြုံရေးများစွာ နစ်နာခဲ့ရသောကြောင့် ဝင်ရောက်ရှင်းလင်းရခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။