Connect with us

Hi, what are you looking for?

News

မံစီတွင် စစ်ကောင်စီတပ်ကို KIAက တစ်ရက်အတွင်း နေရာသုံးခု၌ မိုင်းဆွဲတိုက်ခိုက်

မုန်ခေါင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များသည်တိုက်ပွဲဖြစ်ပွားရာနေရာ အနီးအနားရှိ ရွာများထဲသို့ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သည့် အပြင် ဒေသခံပြည်သူများအား ညအချိန်အိမ်အပြင်ထွက်ခွင့်ပါ တားမြစ်ထားကြောင်း ဒေသခံများကို ကိုးကားပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ တစ်ရက်တည်း နေရာသုံးခု၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ယနေ့(မတ်လ ၁၀ရက်)တွင် ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၃)၊ တပ်ရင်း(၂၇) နယ်မြေ အူလန်ပါ ၊ မော်ဆွေနှင့် ဘန်ခုန်ယန် ကျေးရွာအနီး၌ စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေများကိုမူ ဖော်ပြမထားပေ။

၎င်းစစ်ကောင်စီတပ်ဖွဲ့များသည် လွယ်ဂျောင်ဘွမ် (Loi Jau Bum) တပ်စခန်းသို့ ရိက္ခာ ပို့ဆောင်ရာမှ ပြန်လာခြင်းဖြစ်ကြောင်း၊ မတ်လ၈ရက်ကလည်း မုန်ခေါင်မှ မဂျီဂုန်ဘက်သို့ စစ်အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIAက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

မုန်ခေါင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များသည်တိုက်ပွဲဖြစ်ပွားရာနေရာ အနီးအနားရှိ ရွာများထဲသို့ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သည့် အပြင် ဒေသခံပြည်သူများအား ညအချိန်အိမ်အပြင်ထွက်ခွင့်ပါ တားမြစ်ထားကြောင်း ဒေသခံများကို ကိုးကားပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။