Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG၊ CRPH နှင့် NUCC တို့ကို အသိအမှတ်ပြု ပံ့ပိုးကူညီရန် ဥရောပပါလီမန်ဆုံးဖြတ်

​စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် ကလေးငယ် ၁၀၀ ကျော်အပါအဝင် ပြည်သူ ၁၅၀၀ ကျော်ကို သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းသည်။

▪️စစ်တပ်၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုံ့ချပြီး ထပ်တိုးအရေးယူရန် တိုက်တွန်း

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ယမန်နေ့(မတ်လ ၁၀ ရက်) ထုတ်ပြန်သည်။

ဥရောပပါလီမန်က ထုတ်ပြန်သည့် မြန်မာ့အရေးဆုံးဖြတ်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန် ထောက်ခံထားသည်။

“ဥ​ရောပလွှတ်​တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCCကို အသိအမှတ်ပြုဖို့အတွက် ​ထောက်ခံလာတာ ထူးခြားချက်ပါပဲ။ မြန်မာနိုင်ငံအ​ပေါ် အီးယူရဲ့ အ​ရေးယူ​ဆောင်ရွက်ချက်​တွေအား​ကောင်းဖို့ အစဥ်တစိုက်ကြိုးပမ်း​နေတဲ့ ဥ​ရောပလွှတ်​တော်အမတ်များကို ​ကျေးဇူးတင်ပါတယ်” ဟု ဥရောပရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

​စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် ကလေးငယ် ၁၀၀ ကျော်အပါအဝင် ပြည်သူ ၁၅၀၀ ကျော်ကို သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းသည်။

စစ်​ကောင်စီ၏ အကြမ်းဖက်မှု​များ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားရန်၊ ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးရန်နှင့် အရပ်သားအစိုးရပြန်လည်​ပေါ်ထွန်းအောင်လုပ်​ဆောင်ရန်တို့ကို ဥရောပပါလီမန်က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။