Connect with us

Hi, what are you looking for?

News

NUG၊ CRPH နှင့် NUCC တို့ကို အသိအမှတ်ပြု ပံ့ပိုးကူညီရန် ဥရောပပါလီမန်ဆုံးဖြတ်

​စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် ကလေးငယ် ၁၀၀ ကျော်အပါအဝင် ပြည်သူ ၁၅၀၀ ကျော်ကို သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းသည်။

▪️စစ်တပ်၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုံ့ချပြီး ထပ်တိုးအရေးယူရန် တိုက်တွန်း

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ယမန်နေ့(မတ်လ ၁၀ ရက်) ထုတ်ပြန်သည်။

ဥရောပပါလီမန်က ထုတ်ပြန်သည့် မြန်မာ့အရေးဆုံးဖြတ်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန် ထောက်ခံထားသည်။

“ဥ​ရောပလွှတ်​တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCCကို အသိအမှတ်ပြုဖို့အတွက် ​ထောက်ခံလာတာ ထူးခြားချက်ပါပဲ။ မြန်မာနိုင်ငံအ​ပေါ် အီးယူရဲ့ အ​ရေးယူ​ဆောင်ရွက်ချက်​တွေအား​ကောင်းဖို့ အစဥ်တစိုက်ကြိုးပမ်း​နေတဲ့ ဥ​ရောပလွှတ်​တော်အမတ်များကို ​ကျေးဇူးတင်ပါတယ်” ဟု ဥရောပရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

​စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် ကလေးငယ် ၁၀၀ ကျော်အပါအဝင် ပြည်သူ ၁၅၀၀ ကျော်ကို သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းသည်။

စစ်​ကောင်စီ၏ အကြမ်းဖက်မှု​များ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားရန်၊ ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးရန်နှင့် အရပ်သားအစိုးရပြန်လည်​ပေါ်ထွန်းအောင်လုပ်​ဆောင်ရန်တို့ကို ဥရောပပါလီမန်က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။