Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်း လက်နက်ရိက္ခာလာပို့သည့် ယာဉ်ကို KIA တိုက်ခိုက်၊ သေဆုံးထိခိုက်မှုရှိနိုင်

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ နေ့စဉ်လိုလိုဖြစ်နေကြောင်း ၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းများရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ်ဟောင်း လိုင်စင် ဒေသရှိ စစ်ကောင်စီတပ်စခန်းသို့ စစ်လက်နက်ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်ကိုတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှု ရှိနိုင်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မတ်လ ၁၄ရက် နံနက်ပိုင်းက ရှန်ခေါန်တောင်ရှိ စစ်ကောင်စီတပ်စခန်းသို့ စစ်လက်နက်ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ယာဉ်ကို KIAက မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ ကားတစ်စီးကတော့ ပျက်စီးပြီးမှ ရပ်နေတာ တွေ့ထားတယ်လို့ပြောပါတယ်။ သူတို့ကတော့ စစ်သားတွေသိပ်မပါဘူးပြောတယ်။ ဒဏ်ရာရတာတွေ ကျတာတွေ ရှိမှာပါ။ ကားတောင်မှ ပျက်စီးသွားတယ်ဆိုတော့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ နေ့စဉ်လိုလိုဖြစ်နေကြောင်း ၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းများရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။