Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ နှစ်ပတ်အတွင်း လူဦးရေ ၇၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေး

မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လျက်ရှိနေပြီး အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်မြို့နယ်အတွင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် နှစ်ပတ်အတွင်း လူဦးရေ ၇၀၀ ခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ထုတ်ပြန်ထားပါတယ်။

မတ်လ ပထမနဲ့ဒုတိယပတ်အတွင်း ထွက်ပြေးရတဲ့ အရေအတွက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လျက်ရှိနေပြီး အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က နေရာအတော်များများမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးသုံးတိုက်ခိုက်မှုဒဏ်တွေကို ခံနေရပြီး အရပ်သားသေကြေဒဏ်ရာရတာတွေနဲ့ တိုက်ပွဲရှောင်စွန့်ခွာထွက်ပြေးရမှုသတင်းတွေကို ကြားသိနေရတယ်လို့ OCHA ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ရပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် လူဦးရေ (၂၂၈၉၀၀) ခန့်ဟာ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ ဆက်လက်တိမ်းရှောင်နေထိုင်ခဲ့ရပြီး ကရင်ပြည်နယ်အတွင်းမှာ စစ်ပွဲရှောင်ဦးရေ (၆၉၁၀၀) ရှိတယ်လို့ OCHA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းသိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။