Connect with us

Hi, what are you looking for?

News

ထောင်ဝင်စာပို့သည့် ဗကသ ကျောင်းသားသုံးဦး အကြမ်းဖက်ပုဒ်မများဖြင့် စွဲချက်တင်ခံရ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် မတ်လ ၂ ရက်က ဖမ်းဆီးခံခဲ့ရသော အထက်ပါကျောင်း သားသုံးဦးလုံးကို အမှုတစ်မှုလျင် ထောင်ဒဏ်သုံးနှစ်ကျခံရနိုင်သည့် ပုဒ်မများဖြင့်စွဲချက် တင်ခံထားရခြင်းလည်းဖြစ်သည်။

ထောင်ဝင်စာပို့ပေးနေသည့် ဗကသအဖွဲ့ဝင်ကျောင်းသားသုံးဦး သီတင်းနှစ်ပတ်ကြာ စစ်​ကောင်စီကဖမ်းဆီးထားပြီးနောက် အကြမ်းဖက်ပုဒ်မများဖြင့် စွဲချက်တင်ခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အဆိုပါကျောင်းသားသုံးဦးမှာ ကိုအောင်မျိုးကို၊ ကိုကျော်ဇင်လတ်နှင့် မသီရိရတနာတို့ဖြစ်ပြီး ၎င်းတို့သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ပံ့သည်ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊ ၅၀ ည)စသည့် ပုဒ်မနှစ်ခုစီဖြင့် စွဲချက်တင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် မတ်လ ၂ ရက်က ဖမ်းဆီးခံခဲ့ရသော အထက်ပါကျောင်း သားသုံးဦးလုံးကို အမှုတစ်မှုလျင် ထောင်ဒဏ်သုံးနှစ်ကျခံရနိုင်သည့် ပုဒ်မများဖြင့်စွဲချက် တင်ခံထားရခြင်းလည်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးခံကျောင်းသားသုံးဦးကို အမရပူရမြို့နယ်ရဲစခန်း၌ ချုပ်နှောင်ထားပြီး အမှုအတွက် ခိုင်လုံသောအသက်သေအထောက်အထားမရှိသေး၍ မတ်လ ၂၃ ရက်မှသာ ရမန်ယူရမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။