Connect with us

Hi, what are you looking for?

News

နွားထိုးကြီး-မြင်းခြံလမ်း​ပေါ်တွင် ဆိုင်ကယ်စီးစစ်​ကောင်စီရဲဆိုင်ကယ်နှစ်စီးမိုင်းဆွဲခံရ

“ထိခိုက်မှုရှိတဲ့နှစ်ယောက်မှာတစ်ယောက်ကညလက်မောင်းရှပ်ထိပြီး အကြောက်လွန်ပြီး ရမ်းပစ်ခဲ့တယ်လို့ကြားတယ်။ အဲဒီနှစ်ယောက်ကတော့ နွားထိုးကြီးဆေးရုံမှာ ဆေးကုသနေတယ်လို့သိရပါတယ်”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

(အခင်းဖြစ်ပွားခဲ့သည့် နွားထိုးကြီး-မြင်းခြံလမ်းတစ်နေရာအား တွေ့ရစဥ်။)

မန္တလေးတိုင်း၊ နွားထိုးကြီး-မြင်းခြံလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ရဲများတိုက်ခိုက်ခံရကာ နှစ်ဦးသေဆုံးကြောင်း နွားထိုးကြီးနယ်ခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၁၇ ရက်နေ့) မွန်းလွဲ ၂ နာရီဝန်းကျင်က နွားထိုးကြီးမြို့ပေါ်မှပြန်လာသော ကန်နားရဲစခန်းမှ ဆိုင်ကယ်ယာဥ်တန်းအား မင်းစုံတောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲနှစ်ယောက်သေဆုံးပြီး နောက်ထပ်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း နွားထိုးကြီး PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

“ရခ လေးယောက်ပါတာ။ နှစ်ယောက်ရှောတယ်။ ဆိုင်ကယ်နှစ်စီးနဲ့ လေးယောက်လာတာ။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါရဲများသည် နွားထိုးကြီးမြို့နယ်၊ ကန်နားနယ်မြေရဲစခန်းမှဖြစ်ပြီး မင်းစုံတောင်အနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ တပ်ကြပ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်မှုရှိတဲ့နှစ်ယောက်မှာတစ်ယောက်ကညလက်မောင်းရှပ်ထိပြီး အကြောက်လွန်ပြီး ရမ်းပစ်ခဲ့တယ်လို့ကြားတယ်။ အဲဒီနှစ်ယောက်ကတော့ နွားထိုးကြီးဆေးရုံမှာ ဆေးကုသနေတယ်လို့သိရပါတယ်”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ မြို့သာ-ဝက်လူး-နွားထိုးကြီး ခရိုင်ချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးခန့်သေဆုံးခဲ့သည်ဟု နွားထိုးကြီးPDFက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။