Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်က ​ချောင်းဦးမြို့နယ်၊​ ရွှေ​လှေရွာမှ အိမ်အလုံး၇၀​ကျော်ကိုမီးရှို့၊ လူငယ်တစ်ဦးကိုသတ်ဖြတ်

ရွာမြောက်ပိုင်းနေ အကြမ်းဖက်စစ်ကောင်စီထောက်ခံသူများကို အခင်းမဖြစ်ပွားမီ မတ်လ ၁၂ ရက်နေ့မှစ၍ ရွာမှထွက်ခွာကြရန် အကြမ်းဖက်စစ်ကောင်စီက ကြိုတင်သတင်းပေးခဲ့ကြောင်း၊ ရွှေလှေရွာကို မီးရှို့ဖျက်ဆီးသူဟု အကြမ်းဖက် စစ်ကောင်စီက စွတ်စွဲထားသူ ၁၈ ဦးမှာ ချောင်းဦး PDF နှင့် လုံးဝမပတ်သက်သော ရွှေလှေဇာတိသားများဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ချောင်းဦး PDFက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်တပ်ကိုဆန့်ကျင်သည့်နေအိမ်များကို မီးရှိူ့ရာ နေအိမ်အလုံး ၇၀ ကျော်မီးလောင်ပျက်စီးသွားပြီး လူငယ်တစ်ဦးသတ်ဖြတ်ခံရကြောင်း ချောင်းဦး pdf က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို မတ်လ ၁၄ ရက်နေ့တွင် ချောင်းဦး PDF က အကြမ်းဖက်စစ်ကောင်စီဝတ်စုံများ ဝတ်ဆင်ဝင်ရောက်၍ NLD ပါတီဝင်တစ်ဦး၏ နေအိမ်ကို မီးရှို့ဟန်ဓာတ်ပုံရိုက်ကူးခဲ့ပြီး PDF နှင့် အမြင်မတူသူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓာတ်ပုံဗွီဒီယိုရိုက်ကူး၍ မှတ်တမ်းယူသူများ၏ ဖုန်းများကို သိမ်းယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျူးလွန်ခဲ့သူ ၁၈ ဦး၏ အမည်နှင့်တကွ ဝါဒဖြန့်ချိလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုအပြင်ရွှေလှေကျေးရွာ မီးရှို့ခံရမှုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးရာတွင် ဒေသခံများ၏ ပြောဆိုချက်အရ မတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်က ရွှေလှေကျေးရွာ၏ မြောက်ဘက်ရှိ ပျူစောထီးရွာဖြစ်သည့် ကံကြီးကုန်းရွာမှ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်နှင့် ပျူစောထီးများအပါအဝင် အင်အား ၅၀ ခန့်သည် ရွှေလှေရွာအတွင်းသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရွှေလှေကျေးရွာမြောက်ပိုင်းနေသူ အများစုသည် အကြမ်းဖက်စစ်ကောင်စီ ထောက်ခံသူများဖြစ်ပြီး တောင်ပိုင်းနှင့် ရွာလယ်ပိုင်းနေသူ အများစုသည် ဒီမိုကရေစီအရေး ထောက်ခံကြသူများဖြစ်ကာ ယခုမီးရှို့ခံရသောဖြစ်စဥ်တွင် ရွှေလှေရွာတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ရွာမြောက်ပိုင်းနေ အကြမ်းဖက်စစ်ကောင်စီထောက်ခံသူများကို အခင်းမဖြစ်ပွားမီ မတ်လ ၁၂ ရက်နေ့မှစ၍ ရွာမှထွက်ခွာကြရန် အကြမ်းဖက်စစ်ကောင်စီက ကြိုတင်သတင်းပေးခဲ့ကြောင်း၊ ရွှေလှေရွာကို မီးရှို့ဖျက်ဆီးသူဟု အကြမ်းဖက် စစ်ကောင်စီက စွတ်စွဲထားသူ ၁၈ ဦးမှာ ချောင်းဦး PDF နှင့် လုံးဝမပတ်သက်သော ရွှေလှေဇာတိသားများဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ချောင်းဦး PDFက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတွေ့ရှိချက်များအရ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များနှင့် ပျူစောထီးအကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပစ္စည်းများသိမ်းယူရန် ရွာထဲသို့ပြန်လာသည့် ရွာသား၂ ဦးကို အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာလက်မောင်းတွင် ကျည်ထိဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။