Connect with us

Hi, what are you looking for?

News

လေဖိအားနည်းဝန်း နှင့်ပတ်သပ်၍ ဖြစ်နိုင်​ခြေ ခန့်မှန်ချက်နှစ်ခုကို NUGထုတ်ပြန်

လက်ရှိတွင်မုန်တိုင်းလမ်းကြောင်းကို အတိအကျ မခန့်မှန်းနိုင်သေးသော်လည်း လေပြင်းဘေးကို အထူး သတိပြုနေထိုင်ကြရန် NUGက တိုက်တွန်းထားသည်။ ထို့အပြင်လတ်တလောကာလ မိုးလေဝသသတင်းများကို အလေးထားစောင့်ကြည့်ရန်လည်း အကြံပြုထားသည်။

ဘင်္ဂလားပင်လယ်အော်သည် လေဖိအားနည်းရပ်ဝန်းသည်​လေဖိအားနည်းအဖြစ်မှပင်အား​ပျော့ပျက်ပြယ်သွားနိုင်သလို မုန်တိုင်းဖြစ်လာနိုင်​ပြီး ဖြစ်နိုင်​ခြေ ခန့်မှန်းချက် နှစ်ခုကို အမျိုးသားညီညွတ်​ရေးအစိုးရ- NUGက ထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်းသည် မတ်လ ၂၀ ရက်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ပြီး လတ်တလောခန့်မှန်းချက်အရ အိန္ဒိယရော မြန်မာကိုပါ ဝင်ရောက်နိုင်ချေရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးဆိုင်ရာအန္တရာယ်စီမံခန့်ခွဲ‌​ရေးဝန်ကြီးဌာနကယမန်နေ့
(မတ် ၁၈ရက်)ညနေတွင် သတင်းထုတ်ပြန်ထားသည်။

မိုးလေဝသခန့်မှန်းရေးဆိုင်ရာ ကွန်ပျူတာမော်ဒယ်နှစ်ခုအား နှိုင်းယှဉ်တွက်ချက်၍ အောက်ပါအတိုင်း ရှင်းပြထားသည်။

ပထမ ​မော်ဒယ်အရ လာမည့် မတ်လ၊ ၂၀ ရက်နေ့တွင် ​လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ မော်တင်စွန်းအထက်နားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက် ပြီး ၂၁ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ပြည်မြို့အနီးတွင် အားပျော့ပျက်ပြယ် သွားနိုင်ကြောင်း။ဒုတိယ ​မော်ဒယ်ခန့်မှန်းချက်အရ လာမည့် မတ်လ၊ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲနှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းသို့ဝင်ရောက်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးတွင် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

မတ်လ၂၀ ရက်နေ့တွင်ပြောင်းလဲဖြစ်ပေါ်နိုင်မည့်လမ်းကြောင်းအခြေအနေကိုမူတည်ကာ မည်သည့်လမ်းကြောင်းမှ ဝင်ရောက်နိုင်မည်ကို အသေးစိတ်ထပ်မံထုတ်ပြန်ပေးမည်ဟု ရှင်းပြထားသည်။အိန္ဒိယမိုး​လေဝသဌာနက ​လေဖိအားနည်းရပ်ဝန်းသည် မတ်လ ၂၀ တွင်မုန်တိုင်းငယ်ဖြစ်လာပြီး ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်ပိုအား​ကောင်းလာက ဘဂ်လား​ဒေရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းအပါအဝင်မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသများသို့ဖြတ်​ကျော်ဝင်​ရောက်နိုင်​ကြောင်း
ခန့်မှန်းတွက်ချက်ထားသည်။

လက်ရှိတွင်မုန်တိုင်းလမ်းကြောင်းကို အတိအကျ မခန့်မှန်းနိုင်သေးသော်လည်း လေပြင်းဘေးကို အထူး သတိပြုနေထိုင်ကြရန် NUGက တိုက်တွန်းထားသည်။ ထို့အပြင်လတ်တလောကာလ မိုးလေဝသသတင်းများကို အလေးထားစောင့်ကြည့်ရန်လည်း အကြံပြုထားသည်။

မုန်တိုင်းလမ်းကြောင်း ထုတ်ပြန်ချက်နှင့် သတိပေးချက်အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။