Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများအားလုံး ချက်ချင်းထွက်ခွာရန် KNU ကြေညာ

လိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိတို့ အနေဖြင့် တာဝန်ယူနိုင်မည် မဟုတ်ကြောင်း KNU ကော့ကရိတ်မြို့နယ်ကအသိပေးထားသည်။

မြို့ခံ ဝန်ထမ်းများလည်း နှုတ်ထွက်ကြရန် အသိပေးထားပြီး မလိုက်နာပါက ဖြစ်လာမည့် အကျိုးဆက်ကို တာဝန်မယူဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအားလုံး မိမိတို့နေထိုင်ရာဒေသအသီးသီးသို့ထွက်ခွာသွားရန် KNUကော့ကရိတ်မြို့နယ်က ကြေညာချက်ထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင် ကော့ကရိတ်နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် KNU ကော့ကရိတ်မြို့နယ် အမြဲတမ်း ကော်မတီများနှင့် မြို့နယ် အတွင်းရှိ KNLA တပ်ရင်း အမှတ်(၁၈)၊ တပ်ရင်း အမှတ်(၂၇) တပ်ရင်းအမှတ်(၁၀၃) ၊ တပ်ရင်းအမှတ် (၂၀၁) KNDO လုံခြုံရေးတပ်ရင်းနှင့်တပ်မဟာ စစ်ကြောင်း ခေါင်းဆောင်များ ညှိနှိုင်းသဘောတူညီချက်အရ ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အတွင်း စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံး မိမိတို့ နေထိုင်ရာ ဒေသအသီးသီးသို့ ဤစာကို ထုတ်ပြန်သည့်ရက် (မတ်လ ၁၇ရက်) မှ စ၍ ထွက်ခွာကြရန်နှင့် ဒေသခံ မြို့ခံ ဝန်ထမ်းများသည်လည်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းမှ နှုတ်ထွက်ကြရန် အသိပေးအကြောင်းကြားကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

လိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိတို့ အနေဖြင့် တာဝန်ယူနိုင်မည် မဟုတ်ကြောင်း KNU ကော့ကရိတ်မြို့နယ်ကအသိပေးထားသည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီယန္တရားမလည်ပတ်နိုင်ရေး ယခုကဲ့သို့ကြေညာချက် ထုတ်ပြန်ထားသကဲ့သို့ KNU တပ်မဟာ(၁)နယ်မြေ ဘားအံ(ဖားအံ)မြို့နယ်တွင်လည်း ယခုကဲ့သို့ ကြေညာထားသည်။ အလားတူ ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။