Connect with us

Hi, what are you looking for?

LuduNwayOo

News

CDMတရားရုံးအကြီးတန်းစာ​ရေးကို​ထောင်ဒဏ်၃နှစ်ချခြင်းတရားမဲ့အမိန့်ချမှတ်ခြင်းဟုတရား​ရေးဝန်ကြီးဌာန​ကြေညာ

ဦးသိန်းသန်းစိုးအား ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တရားမဲ့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာခြင်းဟုခေါင်းစဥ်တပ်ကာယ​နေ့ (မတ် ၂၂ ရက်)ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီလက်​အောက်ခံ တရားသူကြီးများကို အ​ရေးယူရန်​ဆောင်ရွက်မည်ဟုထုတ်ပြန်

မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေး ဦးသိန်းသန်းစိုးအား အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ခြင်းသည် တရားမဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီးကန့်ကွက်ရှုတ်ချကြောင်း NUG က ထုတ်ပြန်သည်။

နိုင်ငံတော်အာဏာ သိမ်းမှုအပေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ဆန့်ကျင်နေသည့်မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေးဦးသိန်းသန်းစိုးအား အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် မတ်လ ၂၁ရက်တွင် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။

ဦးသိန်းသန်းစိုးအား ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တရားမဲ့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာခြင်းဟုခေါင်းစဥ်တပ်ကာယ​နေ့ (မတ် ၂၂ ရက်)ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးများတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများချမှတ်သော အမိန့်များသည် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေး ဦးသိန်းသန်းစိုးအပေါ် ၂၁.၃.၂၀၂၂ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ခြင်းသည်လည်းတရားမဲ့အမိန့်ချမှတ်ခဲ့ခြင်းသာဖြစ်သည်ဟုပါရှိသည်။ထိုကဲ့သို့ အမှန်တရားဘက်တော်သားများအပေါ် တရားမဲ့အမိန့်ချမှတ်နေကြသည့် တရားသူကြီးများအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တရားသူကြီးများအား အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ​ကြေငြာချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။