Connect with us

Hi, what are you looking for?

News

CDMတရားရုံးအကြီးတန်းစာ​ရေးကို​ထောင်ဒဏ်၃နှစ်ချခြင်းတရားမဲ့အမိန့်ချမှတ်ခြင်းဟုတရား​ရေးဝန်ကြီးဌာန​ကြေညာ

ဦးသိန်းသန်းစိုးအား ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တရားမဲ့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာခြင်းဟုခေါင်းစဥ်တပ်ကာယ​နေ့ (မတ် ၂၂ ရက်)ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီလက်​အောက်ခံ တရားသူကြီးများကို အ​ရေးယူရန်​ဆောင်ရွက်မည်ဟုထုတ်ပြန်

မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေး ဦးသိန်းသန်းစိုးအား အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ခြင်းသည် တရားမဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီးကန့်ကွက်ရှုတ်ချကြောင်း NUG က ထုတ်ပြန်သည်။

နိုင်ငံတော်အာဏာ သိမ်းမှုအပေါ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ဆန့်ကျင်နေသည့်မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေးဦးသိန်းသန်းစိုးအား အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် မတ်လ ၂၁ရက်တွင် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။

ဦးသိန်းသန်းစိုးအား ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက တရားမဲ့ အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာခြင်းဟုခေါင်းစဥ်တပ်ကာယ​နေ့ (မတ် ၂၂ ရက်)ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးများတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများချမှတ်သော အမိန့်များသည် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တရားရုံးမှ အကြီးတန်းစာရေး ဦးသိန်းသန်းစိုးအပေါ် ၂၁.၃.၂၀၂၂ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ခြင်းသည်လည်းတရားမဲ့အမိန့်ချမှတ်ခဲ့ခြင်းသာဖြစ်သည်ဟုပါရှိသည်။ထိုကဲ့သို့ အမှန်တရားဘက်တော်သားများအပေါ် တရားမဲ့အမိန့်ချမှတ်နေကြသည့် တရားသူကြီးများအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တရားသူကြီးများအား အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ​ကြေငြာချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။