Connect with us

Hi, what are you looking for?

LuduNwayOo

News

လေသန့်စင်စနစ် ကောင်းမွန်တဲ့ စာသင်ခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၈၀ ရာခိုင်နှုန်းကျော် လျော့ကျနိုင်တယ်လို့ဆို

ကောင်းမွန်ပြီး အရည်အသွေး မြင့်မားတဲ့ လေသန့်စင် စနစ်ကို သေသေချာချာ တပ်ထားတဲ့ စာသင်ခန်း ၃၁၆ ခုဟာ တခြားကျောင်းတွေက စာသင်ခန်းတွေထက် ရောဂါကူးစက်မှု သိသိသာသာ လျော့နည်းခဲ့တာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ကောင်းမွန်တဲ့ လေသန့်စင်စနစ် တပ်ဆင်ထားတဲ့ စာသင်ခန်းတွေဟာ ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းကျော်ထိ လျှော့ချပေးနိုင်ကြောင်း အီတလီ နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

Hume ဖောင်ဒေးရှင်းက ဦးဆောင်ပြီး အီတလီ အလယ်ပိုင်း၊ မာချီဒေသက စာသင်ခန်းတွေမှာ ကလေးတွေ ရောဂါ ကူးစက်မှု အခြေအနေတွေကို နှိုင်းယှဉ် လေ့လာခဲ့တာ ဖြစ်ပါတယ်။ စာသင်ခန်းပေါင်း ၁၀၄၄၁ ခန်းရဲ့ လေသန့်စင်စနစ်၊ လေဝင်လေထွက် စနစ်တွေနဲ့ ရောဂါကူးစက်မှု အခြေအနေတွေကို သုတေသီတွေက စနစ်တကျ မှတ်တမ်းကောက်ယူပြီး ပြန်လည် နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

ကောင်းမွန်ပြီး အရည်အသွေး မြင့်မားတဲ့ လေသန့်စင် စနစ်ကို သေသေချာချာ တပ်ထားတဲ့ စာသင်ခန်း ၃၁၆ ခုဟာ တခြားကျောင်းတွေက စာသင်ခန်းတွေထက် ရောဂါကူးစက်မှု သိသိသာသာ လျော့နည်းခဲ့တာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အီတလီက ကျောင်းအများစုမှာ စာသင်ခန်းတွေကို လေသန့်စင်စက် တပ်ထားလေ့ မရှိပါဘူး။ ဆရာ၊ ဆရာမတွေနဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီး ပြတင်းပေါက်တွေ ဖွင့်လှစ်ထားတာမျိုးသာ ရှိတတ်ပါတယ်။ လေသန့်စင် စနစ်ဟာ အခန်းထဲက လေထုကို ပိုမိုသစ်လွင် သန့်ရှင်းတဲ့ လေထုနဲ့ ဖလှယ်ပေးတာဖြစ်ပြီး စာသင်ခန်း တစ်ခုမှာ ကောင်းမွန်တဲ့ လေသန့်စင်မှု တစ်နာရီစာရှိရင် ရောဂါ ကူးစက်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့သွားတယ်လို့ ဆိုပါတယ်။ လေသန့်စင် စနစ်ရဲ့ အရည်အသွေး ကောင်းရင် ကောင်းသလောက် ရောဂါ ကူးစက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းကျော်ထိ လျော့သွားတာကို အီတလီ သုတေသီတွေက စိစစ် တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလေ့လာမှုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ အခုနှစ် ဇန်နဝါရီလထိ အတောအတွင်း ပြုလုပ်ခဲ့တာပါ။ အီတလီဟာ ဥရောပမှာ ကိုဗစ်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူပေါင်း ၁၄ သန်းလောက် ကူးစက် ခံခဲ့ရသလို အသေအပျောက်ကလည်း ၁ သိန်း ၆ သောင်း နီးပါးလောက်ထိ များပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

ဗီဒီယို

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။