Connect with us

Hi, what are you looking for?

News

လေသန့်စင်စနစ် ကောင်းမွန်တဲ့ စာသင်ခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၈၀ ရာခိုင်နှုန်းကျော် လျော့ကျနိုင်တယ်လို့ဆို

ကောင်းမွန်ပြီး အရည်အသွေး မြင့်မားတဲ့ လေသန့်စင် စနစ်ကို သေသေချာချာ တပ်ထားတဲ့ စာသင်ခန်း ၃၁၆ ခုဟာ တခြားကျောင်းတွေက စာသင်ခန်းတွေထက် ရောဂါကူးစက်မှု သိသိသာသာ လျော့နည်းခဲ့တာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ကောင်းမွန်တဲ့ လေသန့်စင်စနစ် တပ်ဆင်ထားတဲ့ စာသင်ခန်းတွေဟာ ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းကျော်ထိ လျှော့ချပေးနိုင်ကြောင်း အီတလီ နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

Hume ဖောင်ဒေးရှင်းက ဦးဆောင်ပြီး အီတလီ အလယ်ပိုင်း၊ မာချီဒေသက စာသင်ခန်းတွေမှာ ကလေးတွေ ရောဂါ ကူးစက်မှု အခြေအနေတွေကို နှိုင်းယှဉ် လေ့လာခဲ့တာ ဖြစ်ပါတယ်။ စာသင်ခန်းပေါင်း ၁၀၄၄၁ ခန်းရဲ့ လေသန့်စင်စနစ်၊ လေဝင်လေထွက် စနစ်တွေနဲ့ ရောဂါကူးစက်မှု အခြေအနေတွေကို သုတေသီတွေက စနစ်တကျ မှတ်တမ်းကောက်ယူပြီး ပြန်လည် နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

ကောင်းမွန်ပြီး အရည်အသွေး မြင့်မားတဲ့ လေသန့်စင် စနစ်ကို သေသေချာချာ တပ်ထားတဲ့ စာသင်ခန်း ၃၁၆ ခုဟာ တခြားကျောင်းတွေက စာသင်ခန်းတွေထက် ရောဂါကူးစက်မှု သိသိသာသာ လျော့နည်းခဲ့တာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အီတလီက ကျောင်းအများစုမှာ စာသင်ခန်းတွေကို လေသန့်စင်စက် တပ်ထားလေ့ မရှိပါဘူး။ ဆရာ၊ ဆရာမတွေနဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီး ပြတင်းပေါက်တွေ ဖွင့်လှစ်ထားတာမျိုးသာ ရှိတတ်ပါတယ်။ လေသန့်စင် စနစ်ဟာ အခန်းထဲက လေထုကို ပိုမိုသစ်လွင် သန့်ရှင်းတဲ့ လေထုနဲ့ ဖလှယ်ပေးတာဖြစ်ပြီး စာသင်ခန်း တစ်ခုမှာ ကောင်းမွန်တဲ့ လေသန့်စင်မှု တစ်နာရီစာရှိရင် ရောဂါ ကူးစက်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့သွားတယ်လို့ ဆိုပါတယ်။ လေသန့်စင် စနစ်ရဲ့ အရည်အသွေး ကောင်းရင် ကောင်းသလောက် ရောဂါ ကူးစက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းကျော်ထိ လျော့သွားတာကို အီတလီ သုတေသီတွေက စိစစ် တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလေ့လာမှုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ အခုနှစ် ဇန်နဝါရီလထိ အတောအတွင်း ပြုလုပ်ခဲ့တာပါ။ အီတလီဟာ ဥရောပမှာ ကိုဗစ်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူပေါင်း ၁၄ သန်းလောက် ကူးစက် ခံခဲ့ရသလို အသေအပျောက်ကလည်း ၁ သိန်း ၆ သောင်း နီးပါးလောက်ထိ များပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားဟာ စာသင်ခန်းတွေထဲ ဖုန်းတွေ ယူလာတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှု စတင်တော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။