Connect with us

Hi, what are you looking for?

News

ဘီးလင်းရှိ ရဲခစန်းနှင့် ထွေအုပ်ရုံးအား KNUနှင့် PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထွေအုပ်ရုံးမှ စစ်ကောင်စီလက်ပါးစေများ သေဆုံးထိခိုက်မှု ရှိ၊မရှိ အခြေအနေကိုမူ ဖော်ပြမထားပေ။

(KNU နှင့် သထုံ PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်၊ ဓာတ်ပုံ - သထုံ PDF)

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA ) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များမှ သတိပေး တိုက်ခိုက် ခဲ့ကြောင်း သထုံ PDFက သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၈ရက်)နံနက် ၁၀နာရီခွဲအချိန်တွင် အဆိုပါ နေရာနှစ်ခုအား ပူးပေါင်းတပ်ဖွဲ့မှ ၄၀ (မမ)များဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထွေအုပ်ရုံးမှ စစ်ကောင်စီလက်ပါးစေများ သေဆုံးထိခိုက်မှု ရှိ၊မရှိ အခြေအနေကိုမူ ဖော်ပြမထားပေ။

KNUနှင့် သထုံ PDFပူးပေါင်းတပ်ဖွဲ့သည် မတ်လ၂၆ ရက်ကလည်း သထုံမြို့နယ် ပိန္နဲတော ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)ရှေ့တန်း ကွပ်ကဲရေးဌာနချုပ် အထိုင်စခန်းနှင့် ရှေ့တန်းစခန်း နှစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ယင်းမတိုင်ခင် မတ်လ ၂၁ရက်ကလည်း သထုံမြို့နယ် ဝင်းပကျေးရွာနှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

သတင်း

မကွေးတိုင်းရှိ ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်များတွင် စစ်ကောင်စီ၏ စခန်းများ၊ ပျူစောထီးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ထားသည်။

သတင်း

အဆိုပါတပ်သားသည် MA-3 (၁) လက်၊ ကျည်ဘောက် (၅) ခု၊ လက်ပစ်ဗုံး (၁) လုံး နှင့် ကျည် ၁၅၀တောင့် ပါလာခဲ့သည်ဟု ဆိုသည်။

Facebook