Connect with us

Hi, what are you looking for?

News

ဒေါက်တာဇော်မြင့်မောင် ကိုစွပ်စွဲထားတဲ့အဂတိအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်သက်သေထွက်ဆိုမယ်

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားကာ ကျန်ရှိတဲ့အမှုတွေအတွက် ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အဂတိမှုနဲ့စွပ်စွဲခံရတဲ့အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ်ထွက်ဆိုမယ်လို့သိရပါတယ်။

အမှုအတွက် သက်သေစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းထားတာပါ။

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားကာ ကျန်ရှိတဲ့အမှုတွေအတွက် ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

မနေ့ က ဧပြီလ ၂၂ ရက်မှာ ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုအတွက်စစ်ဆေးခဲ့တယ်လို့ တရား ရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ်ထွက်ဆိုမယ့်ရုံးချိန်းဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာဖြစ်နိုင်တယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ တရားခွင်ကို လူကိုယ်တိုင် လာရောက်ထွက်ဆိုခွင့်ပေးတာမျိုးမဟုတ်ဘဲ အွန်လိုင်းကတဆင့် ထွက်ဆိုတာမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်ကိုခွင့်ပြုလိမ့်မယ်လို့ တရားရုံးအသိုင်းအဝိုင်းကပြောကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုအတွက် သက်သေစာရင်းမှာ ပါခဲ့ပေမယ့် ကျန်းမာရေးအကြောင်းပြကာ နေပြည်တော်ကို စစ်ကောင်စီက သွားခွင့်မပြုခဲ့တာမျိုးရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၆)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မလေးရှားနိုင်ငံ၊ပီနန်းမြို့တွင်မ​လေးရှားရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်ဆုတောင်းပွဲကိုယနေ့ပြုလုပ်ခဲ့သည်။