Connect with us

Hi, what are you looking for?

News

ဒေါက်တာဇော်မြင့်မောင် ကိုစွပ်စွဲထားတဲ့အဂတိအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်သက်သေထွက်ဆိုမယ်

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားကာ ကျန်ရှိတဲ့အမှုတွေအတွက် ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အဂတိမှုနဲ့စွပ်စွဲခံရတဲ့အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ်ထွက်ဆိုမယ်လို့သိရပါတယ်။

အမှုအတွက် သက်သေစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းထားတာပါ။

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားကာ ကျန်ရှိတဲ့အမှုတွေအတွက် ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

မနေ့ က ဧပြီလ ၂၂ ရက်မှာ ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုအတွက်စစ်ဆေးခဲ့တယ်လို့ တရား ရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ်ထွက်ဆိုမယ့်ရုံးချိန်းဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာဖြစ်နိုင်တယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ တရားခွင်ကို လူကိုယ်တိုင် လာရောက်ထွက်ဆိုခွင့်ပေးတာမျိုးမဟုတ်ဘဲ အွန်လိုင်းကတဆင့် ထွက်ဆိုတာမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်ကိုခွင့်ပြုလိမ့်မယ်လို့ တရားရုံးအသိုင်းအဝိုင်းကပြောကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှုအတွက် သက်သေစာရင်းမှာ ပါခဲ့ပေမယ့် ကျန်းမာရေးအကြောင်းပြကာ နေပြည်တော်ကို စစ်ကောင်စီက သွားခွင့်မပြုခဲ့တာမျိုးရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။