Connect with us

Hi, what are you looking for?

News

တပ်​နယ်မြေဖြစ်​​သော မိတ္ထီလာမြို့တွင် သူခိုး​သောင်းကျန်း​နေ

အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင်တို့မှခေါ်ယူတွေ့ဆုံပြီး မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အစိုးရပိုင်အဆောက်အဦးတို့မှပစ္စည်းများ မကြာခဏခိုးယူခံနေရပြီးအထူးသဖြင့်လျှပ်စစ် မီးကြိုး၊ရေစုပ်စက်၊မီးစက်များပျောက်ဆုံးလျက်ရှိ​​နေကြောင်း ဝန်ခံပြောကြားသည်။

(မီးကြိုးဖြုတ်ခိုးခံရသည့် ကျောင်းဆောင်အား တွေ့ရစဥ်။)

●​ကျောင်းမှမီးစက်၊မီးကြိုး၊​ရေစုပ်စက်များပါအခိုးခံ​​နေရပြီး ဒါန်၊ကြေး၊ပလက်စတစ်အဝယ်ဒိုင်များကို​ စကစခေါ်ယူခြိမ်း​ခြောက်၍ ခံဝန်လက်မှတ်ထိုးခိုင်း

တပ်နယ်မြေ​ဖြစ်သော မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုနှိုက်ဖြစ်စဥ်များ ပိုမိုများပြားလာပြီး နိုင်ငံပိုင်အဆောက်အဦးများမှ ပစ္စည်းများပါ ခိုးယူခံနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ မြို့မရဲစခန်းတာဝန်ရှိသူများနှင့် ဒေသခံများက ​ပြောကြားသည်။

ဧပြီ ၁၉ရက် ည(၇)နာရီအချိန်ခန့်က မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်ရှိ မူလွန်ကျောင်းတွင် လျှပ်စစ်မီးလာ၍ ကျောင်းဝင်းအတွင်းနေ အကြမ်းဖက်စစ်ကောင်စီလက်
အောက်ခံကျောင်းအုပ်ဆရာမကြီးမိသားစုက မီးဖွင့်ရာ မီးမလာ၍ သွားရောက်ကြည့်ရှုရာမှကျောင်းဆောင်ချင်း သွယ်တန်းထားသောလျှပ်စစ်မီးကြိုးပေ(၂၀၀)ခန့်အား ဖြတ်တောက်ခိုးယူခံရသည်ကို သိရကြောင်း ဒေသခံများက ပြောသည်။

(မီးကြိုးဖြုတ်ခိုးခံရသည့် ကျောင်းဆောင်အား တွေ့ရစဥ်။)

အဆိုပါဖြစ်စဥ်ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောကခံ ​မြို့မရဲစခန်းက မိတ္ထီလာမြို့နယ်ရှိ ဒါန်သတ္တုကြေးသံပလပ်စတစ်များအဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူနေသည့် ဆိုင်ရှင်များအား ဧပြီ၂၁ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင်တို့မှခေါ်ယူတွေ့ဆုံပြီး မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အစိုးရပိုင်အဆောက်အဦးတို့မှပစ္စည်းများ မကြာခဏခိုးယူခံနေရပြီးအထူးသဖြင့်လျှပ်စစ် မီးကြိုး၊ရေစုပ်စက်၊မီးစက်များပျောက်ဆုံးလျက်ရှိ​​နေကြောင်း ဝန်ခံပြောကြားသည်။

(မီးကြိုးဖြုတ်ခိုးခံရသည့် ကျောင်းဆောင်အား တွေ့ရစဥ်။)

မည်သည့်နေရာမှခိုးယူလာသည်ဖြစ်စေ ယင်းပစ္စည်းများအားခိုးယူလာသူများမှ ထုခွဲဖျက်ဆီးလာရောက်ရောင်းချလျှင်ဝယ်ယူခြင်းမပြုကြရန်နှင့်လာရောက်ရောင်းချသည့်ပစ္စည်းအပေါ်မသင်္ကာလျှင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှတာဝန်ရှိသူများအားဆက်သွယ်အကြောင်းကြားရန်လိုအပ်ကြောင်း၊ ပစ္စည်းခိုးမှုများစုံစမ်းပေါ်ပေါက်ကခိုးယူသူနှင့်အတူခိုးရာပါပစ္စည်းလက်ခံထုခွဲရောင်းဝယ်သူအဖြစ်ပူးတွဲအရေးယူခံမည်ဟု သတိပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တက်ရောက်လာသူ အဝယ်ဒိုင်များအား ဝန်ခံချက်လက်မှတ်ရေးထိုးခိုင်းကြောင်းမိတ္ထီလာမြို့ခံများပြောသည်။

တပ်မြို့တော်တစ်ခုဖြစ်သော်လည်း မိတ္ထီလာမြို့ပေါ်နေရာများတွင် ဓား၊ သံချွန် အစရှိသည့်လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်း၊ လက်ဝတ်ရတနာ အစရှိသည့်တန်ဖိုးကြီးပစ္စည်းများအား လုယက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

(မီးကြိုးဖြုတ်ခိုးခံရသည့် ကျောင်းဆောင်အား တွေ့ရစဥ်။)

“တလောလေးက ခရိုင်အားကစားကွင်းနားမှာ ပြည်သူတစ်ယောက်ဆိုင်ကယ်အလုခံရတယ်။ ပြည်သူက သူဖာသာလိုက်စုံစမ်းပြီး လေးရက်အတွင်းမိတယ်။ နောက်ဆုံးကျမှ ရဲကိုဖမ်းခိုင်းရတယ်။ ထီလာကရဲတွေကတော့ စောက်ရှက်ကွဲပြီးရင်းကွဲပဲ။ စောက်ရှက်ရှိမဲ့ကောင်တွေလည်း မဟုတ်ပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား (၁၂)ဦးအား လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသားတစ်ဦးမှမပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

Facebook