Connect with us

Hi, what are you looking for?

News

စစ်သားနှစ်ဦးက​သေနတ်သုံးလက်ဖြင့်CDMပြုလုပ်သွား၍ စစ်​တပ်ကပြည်သူ ၇ဦးကိုဓါးစာခံဖမ်း၍​သေနတ်များပြန်​တောင်း

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ၃လက် ပြန်လည်ရရှိရေးအတွက်ဆိုကာ မတူပီမြို့ပေါ်မှာ အမျိုးသမီး ၆ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ဗျူဟာခန်းသို့ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး နှိပ်စက်နေခြင်းဖြစ်သည်ဟု သိ့ရသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော စစ်သား ၂ ဦးယူ​ဆောင်လာ​သောလက်နက် ၃ လက်။ ။ ဓါတ်ပုံ-CDF(မတူပီ) )

●အကြမ်းဖက်အဖွဲ့အစည်းများနှင့်မည်သည့်အ​ပေးအယူမျှပြုလုပ်မည်မဟုတ်ဟုCDF(မတူပီ)ထုတ်ပြန်

မတူပီနှင့် မုံရွာမှ စစ်သားနှစ်ဦး လက်နက် သုံးလက်ဖြင့် CDM ဝင်လာ​သောကြောင့်အကြမ်းဖက်စစ်တပ်ကအပြစ်မဲ့ပြည်သူ ၇ ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီးနှိပ်စက်၍ လက်နက်သုံးလက်ဖြင့်ပြန်လဲလှယ်ရန် ခြိမ်း​ခြောက်​နေ​ကြောင်း CDF(မတူပီ)က ယနေ့(မေ ၄ ရက်)တွင် သတင်းထုတ်ပြန်သည်။

မတူပီ အခြေစိုက် စစ်ဗျူဟာစခန်းမှာ တပ်သား ချစ်ကိုကိုနှင့် မုံရွာ အခြေစိုက် ထပရ ၉၂၉ တပ်မှ တပ်သား ဖြိုးမင်းတို့သည့် BA-72၊ MA-2 နှင့် MA-3 လက်နက်နှင့်ကျည်များဖြင့် CDF(မတူပီ)ထံ ဧပြီ ၂၁ ရက်စစ်​ကောင်စီအမိန့်ကိုဖီဆန်၍ ပြည်သူနှင့်ပူး​ပေါင်း- CDMပြုလုပ်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ၃လက် ပြန်လည်ရရှိရေးအတွက်ဆိုကာ မတူပီမြို့ပေါ်မှာ အမျိုးသမီး ၆ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ဗျူဟာခန်းသို့ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး နှိပ်စက်နေခြင်းဖြစ်သည်ဟု သိ့ရသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပြည်သူများကို ဓားစာခံအဖြစ် အသုံးချ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းကို ကန့်ကွက်ရှုတ်ချ​ကြောင်းCDF(မတူပီ)ကထုတ်ပြန်သည်။

ထိုအပြင် CDF(မတူပီ) အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အပေးအယူပြုလုပ်မည်မဟုတ်ကြောင်းလည်းအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။