Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်သားနှစ်ဦးက​သေနတ်သုံးလက်ဖြင့်CDMပြုလုပ်သွား၍ စစ်​တပ်ကပြည်သူ ၇ဦးကိုဓါးစာခံဖမ်း၍​သေနတ်များပြန်​တောင်း

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ၃လက် ပြန်လည်ရရှိရေးအတွက်ဆိုကာ မတူပီမြို့ပေါ်မှာ အမျိုးသမီး ၆ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ဗျူဟာခန်းသို့ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး နှိပ်စက်နေခြင်းဖြစ်သည်ဟု သိ့ရသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော စစ်သား ၂ ဦးယူ​ဆောင်လာ​သောလက်နက် ၃ လက်။ ။ ဓါတ်ပုံ-CDF(မတူပီ) )

●အကြမ်းဖက်အဖွဲ့အစည်းများနှင့်မည်သည့်အ​ပေးအယူမျှပြုလုပ်မည်မဟုတ်ဟုCDF(မတူပီ)ထုတ်ပြန်

မတူပီနှင့် မုံရွာမှ စစ်သားနှစ်ဦး လက်နက် သုံးလက်ဖြင့် CDM ဝင်လာ​သောကြောင့်အကြမ်းဖက်စစ်တပ်ကအပြစ်မဲ့ပြည်သူ ၇ ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီးနှိပ်စက်၍ လက်နက်သုံးလက်ဖြင့်ပြန်လဲလှယ်ရန် ခြိမ်း​ခြောက်​နေ​ကြောင်း CDF(မတူပီ)က ယနေ့(မေ ၄ ရက်)တွင် သတင်းထုတ်ပြန်သည်။

မတူပီ အခြေစိုက် စစ်ဗျူဟာစခန်းမှာ တပ်သား ချစ်ကိုကိုနှင့် မုံရွာ အခြေစိုက် ထပရ ၉၂၉ တပ်မှ တပ်သား ဖြိုးမင်းတို့သည့် BA-72၊ MA-2 နှင့် MA-3 လက်နက်နှင့်ကျည်များဖြင့် CDF(မတူပီ)ထံ ဧပြီ ၂၁ ရက်စစ်​ကောင်စီအမိန့်ကိုဖီဆန်၍ ပြည်သူနှင့်ပူး​ပေါင်း- CDMပြုလုပ်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ၃လက် ပြန်လည်ရရှိရေးအတွက်ဆိုကာ မတူပီမြို့ပေါ်မှာ အမျိုးသမီး ၆ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ဗျူဟာခန်းသို့ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး နှိပ်စက်နေခြင်းဖြစ်သည်ဟု သိ့ရသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပြည်သူများကို ဓားစာခံအဖြစ် အသုံးချ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းကို ကန့်ကွက်ရှုတ်ချ​ကြောင်းCDF(မတူပီ)ကထုတ်ပြန်သည်။

ထိုအပြင် CDF(မတူပီ) အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အပေးအယူပြုလုပ်မည်မဟုတ်ကြောင်းလည်းအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။