Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ် ၁၅ လအတွင်း​နေအိမ်​ပေါင်း ၁၁,၄၁၇ လုံးမီးရှို့ဖျက်ဆီးထား

ဧပြီလကုန်ပိုင်းနဲ့​မေလဆန်းမှာလည်း စစ်​ကောင်စီတပ်က အထူးသဖြင့် စစ်ကိုင်းတိုင်းက​ကျေးရွာ​တွေကို ဆက်လက်မီးရှို့ဖျက်ဆီး​နေပါတယ်။စစ်တပ်က လအလိုက် ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာကို အင်ဖိုဂရပ်မှာ​ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ(၁၅ လ) ပြည်သူ​တွေ​ရဲ့​နေအိမ်​တွေကို မီးရှို့ဖျက်ဆီး​ခဲ့တာ ​နေအိမ်​ပေါင်း ၁၁၄၁၇လုံး ရှိ​နေပြီလို့ Data For Myanmar က​အချက်အလက်​တွေစုစည်း​ဖော်ပြပါတယ်။

အာဏာလုစစ်​ကောင်စီတပ်ကို ခုခံတွန်းလှန်မှုများတဲ့​ဒေသ​တွေ၊စစ်တပ်ကို အထိ့နာ​အောင်တိုက်ခိုက်တဲ့​ဒေသ​တွေ မှာ PDF​တွေကိုနိုင်​အောင်မတိုက်နိုင်​တော့ချိန်မှာအကြမ်းဖက်စစ်တပ်ကသူတို့ကာကွယ်​ပေးမယ်လို့အစဥ်တစိုက်​ကြွေး​ကြော်ခဲ့တဲ့ ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုကာကွယ်ရမယ့်အစား မီးရှို့ဖျက်ဆီးတာ၊ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်တာ လုယက်တာ​တွေပိုလုပ်လာကြတာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းပြည်သူ​တွေရဲ​နေအိမ်​တွေကို အကြမ်းဖက်စစ်တပ်က ဘယ်တုန်းကနဲ့မှမတူ​တဲ့ပမာဏအထိ့အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ဆက်သွယ်​ရေးခက်ခဲ့လို့ သတင်းအချက်အလက်မရ​သေးတဲ့​ဒေသက​ကျေးရွာ​တွေကျန်​နေ​သေးနိုင်ပြီး တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။

ဧပြီလကုန်ပိုင်းနဲ့​မေလဆန်းမှာလည်း စစ်​ကောင်စီတပ်က အထူးသဖြင့် စစ်ကိုင်းတိုင်းက​ကျေးရွာ​တွေကို ဆက်လက်မီးရှို့ဖျက်ဆီး​နေပါတယ်။စစ်တပ်က လအလိုက် ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာကို အင်ဖိုဂရပ်မှာ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။