Connect with us

Hi, what are you looking for?

News

မြန်မာသို့ လူသားချင်းစာနာမှုအကူအညီပေးရေး စစ်ကောင်စီကိုသာ ဗဟိုပြုဆွေးနွေးခဲ့သည့် အာဆီယံကို NUGစိတ်ပျက်

NUG သည် အာဆီယံဥက္ကဌနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ဆက်သွယ်မှုမရှိသေးကြောင်း NUGက ထုတ်ပြန်သည်။

ဓာတ်ပုံ - Prak Sokhonn

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် အကြမ်းဖက်စစ်ကောင်စီကိုဗဟိုပြုဆွေးနွေးခဲ့ခြင်းအပေါ် စိတ်ပျက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယမန်နေ့တွင် ထုတ်ပြန်သည်။

NUG ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့သော မြန်မာနိုင်ငံ၏ အခြားအရေးပါသော သက်ဆိုင်သူ များကို အာဆီယံအစည်းအဝေးမှ တမင်ဖယ်ထုတ်ထားခြင်းကို ကန့်ကွက်ထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ၆ ရက်တွင် ကမ္ဘောဒီးယား၊ ဖနွမ်းပင်၌ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အာဆီယံအတိုင်ပင်ခံအစည်းအဝေးကိုပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – Prak Sokhonn

ယင်းအစည်းအဝေးမတိုင်မီနှင့် အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းအရာရှိများက NUG အစိုးရအဖွဲ့ဝင်ဝန်ကြီး များကို အွန်လိုင်းမှတွေ့ဆုံရှင်းလင်းခဲ့သော်လည်း အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံခြင်းမရှိ ပေ။

Public Service Announcement

Public Service Announcement

NUG သည် အာဆီယံဥက္ကဌနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ဆက်သွယ်မှုမရှိသေးကြောင်း NUGက ထုတ်ပြန်သည်။

အာဆီယံအထက်ပါအစည်းအဝေးတွင် NUG ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါဝင်သင့်သူများ ကို ချန်လှပ်ခဲ့ခြင်းသည် အာဆီယံခေါင်းဆောင်များ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်နှင့် ဆန့်ကျင်သည့် အပြင် လိုအပ်နေသည့် စစ်ဘေးရှောင်များထံ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း NUG က ဆိုသည်။

လက်တွေ့ဖြစ်ပေါ်နေသော မြေပြင်အခြေအနေများ နှင့် စစ်ကောင်စီအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးပို့ခြင်းကို အဟန့်အတားဖြစ်စေကြောင်း ​NUG က ထုတ်ပြန်သည်။

ဓာတ်ပုံ – Prak Sokhonn

ထို့အတွက် NUG သည် စစ်ကောင်စီနှင့်ပတ်သက်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အမြန်ပေးအပ်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ကွန်ရက်များကို အသုံးပြုနေပြီး ယင်းအခြေအနေကို အာဆီယံခေါင်းဆောင်များနှင့် အလှူရှင်များအား အသိပေး အကြောင်းကြားထားသည်ဟု ဆိုသည်။

အာဆီယံခေါင်းဆောင်များနှင့် အလှူရှင်များအနေဖြင့် မတူကွဲပြားသောဒေသတွင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်များနှင့် အခြေခံကျကျ ထိတွေ့ ဆက်ဆံမှုအား တည်ဆောက်ကာ လိုအပ်နေသော အသိုက်အဝန်းအားလုံးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် NUG က တိုက်တွန်းသည်။

မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ တရားမဝင်အာဏာရှင်အုပ်စိုးမှုကိုအစဉ်ဆက်မပြတ် ငြင်းဆိုခဲ့ပြီး ဒီမိုကရေစီနှင့် အရပ်သားအစိုးရပြန်လည်ထူထောင်ရန် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ ကြောင်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။