Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးထက်မနည်း သတ်ဖြတ်

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ကျေးရွာအများအပြားသို့ ဝင်ရောက်နေသည်။ မြောက်ပိုင်းစစ်ကြောင်းသည် ယမန်နေ့ (မေလ ၁၂ရက်) ညပိုင်းက ဖျသီးရွာနှင့် တောင်ကိုင်းကျေးရွာများသို့စီးနင်းပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း၊သုသာန်နှင့် နေအိမ်အချို့အပေါ် ကျရောက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးခဲ့ရသည့် မြိုင်နယ် လက်ယက်မကျေးရွာဒေသခံအချို့အား ယခုနှစ်ဆန်းပိုင်းက တွေ့ရစဥ်။)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၁၂ ရက်)ညက သံဘိုကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦးနှင့် လက်ယက်မရွာမှ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

သံဘိုကျေးရွာ အနောက်ဘက်ခြမ်းတွင်လည်း အထိခိုက်အပျက်စီးများကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် တောင်ပို့ရွာကိုလည်း ဝင်ရောက်စီးနင်းစဥ် အမျိုးသားတစ်ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာအတွင်းဝင်စီးစဥ် အရက်သမားတစ်ဦးက မူးပြီး သူတို့မေးတာ မဖြေတဲ့အတွက်ပစ်သတ်ခံလိုက်ရတာလို့သိရှိရပါတယ်။ လူလတ်ပိုင်း ၃၅နှစ်ဝန်းကျင် ကိုအောင်ဆွေဦးလို့ သိရပါတယ်။ တောင်ပို့ရွာမှာတော့ နောက်ထပ်ကြားရတာရောဆို သုံးဦးလို့သိရပေမယ့် ကျန်နှစ်ဦးကတော့ အတိကျမသိရတဲ့အတွက် သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်းနေဆဲပါ။”ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့နယ်မှ တာဝန်ရှိသူက ပြောသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ကျေးရွာအများအပြားသို့ ဝင်ရောက်နေသည်။ မြောက်ပိုင်းစစ်ကြောင်းသည် ယမန်နေ့ (မေလ ၁၂ရက်) ညပိုင်းက ဖျသီးရွာနှင့် တောင်ကိုင်းကျေးရွာများသို့စီးနင်းပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း၊သုသာန်နှင့် နေအိမ်အချို့အပေါ် ကျရောက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လက်ယက်မရွာသို့ နှစ်ဖက်ညှပ် ဝင်ရောက်နေသည်ဟု သိရသည်။

ယမန်နေ့(မေ ၁၂ ရက်)ညနေ ၅ နာရီခွဲခန့်ကမြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်သို့ လာသောအင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီယာဥ်တန်း ကို မိုင်းအလုံး ၁၀၀ ခန့် ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး အများအ ပြားထိခိုက်ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။